361 Shares 75 Views

တရားဝင်မိတ်မဆက်ရသေးခင် OnePlus 5T ရဲ့unboxing ဗီဒီယိုနောက်တစ်ခုထွက်ပေါ်လာ

Nov 15, 2017
361 75

အရင်တစ်ပတ်က YouTuber တစ်ယောက်မတော်တဆတင်လိုက်တဲ့ ဖုန်း unboxing ဗီဒီယိုကြောင့် OnePlus 5T ရဲ့ပုံစံအစအဆုံးကို မြင်လိုက်ရပြီးပါပြီ။ ဗီဒီယိုကိုတော့ YouTube ကနေ အမြန်ပြန်ဖျက်လိုက်ပေမယ့် တစ်ယောက်ယောက်က အလွယ်တကူပြန်ဖျက်ချလို့မရနိုင်တဲ့နေရာမှာထပ်တင်ထားပါတယ်။

အခုဆို OnePlus 5T ရဲ့အသေးစိတ်အချက်အလက်တွေထွက်ဖို့ တစ်ရက်ပဲလိုတော့တဲ့အချိန်မှာ နောက်ထပ် unboxing ဗီဒီယိုတစ်ခုထပ်ထွက်လာပြန်ပါပြီ။ ကံမကောင်းစွာနဲ့ပဲ YouTuber က ပြောသွား မှတ်ချက်ပေးသွားတာတွေက စပိန်လိုဖြစ်နေပေမယ့်လည်း ဗီဒီယိုမှာ ဘာတွေပြသွားလဲဆိုတာက အဓိကဖြစ်လို့ သိပ်တော့အရေးမကြီးဘူးထင်ပါတယ်။

OnePlus ကထုတ်ခဲ့တဲ့ အရင်စမတ်ဖုန်းတွေနဲ့ မတူတာက 5T မှာ လုံးဝကိုဘေးဘောင်မဲ့ဖြစ်သွားခြင်းပါပဲ။ ဗီဒီယိုမှာမြင်လိုက်ရတဲ့အတိုင်းဆိုရင်တော့ Android Oreo ကိုမသုံးဘဲ Android 7.1.1 Nougat ကိုပဲသုံးထားပါတယ်။ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာတော့ Android 8.0 ကို အဆင့်မြှင့်တင်သွားနိုင်ချေရှိတယ်လို့လည်း ယူဆလို့ရပါတယ်။

ဈေးနှုန်းကိုကြည့်လိုက်ရင်တော့ RAM 6GB , internal memory 64GB ရှိတဲ့ ဈေးအနည်းဆုံးစမတ်ဖုန်းတောင်မှ $480 ရှိပါတယ်။ RAM 8GB storage 128GB model ကတော့ $540 ဝန်းကျင်လောက်ဖြစ်နိုင်ချေရှိပါတယ်။ OnePlus 5T နဲ့ပတ်သတ်သမျှအသေးစိတ်အချက်အလက်တွေကိုတော့ နိုဝင်ဘာလ ၁၆ရက်နေ့မှာတရားဝင်ကြေညာသွားမှာဖြစ်ပြီး နောက်လာမယ့် တစ်ပတ်အတွင်းမှာထွက်ရှိလာမယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။

Source: PhoneArena

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category