326 Shares 96 Views

iPhone X မှာ Animoji အတွက် Face ID မလို

Nov 15, 2017
326 96


iPhone X ကိုစတင်မိတ်ဆက်လိုက်ကတည်းက Animoji ဟာ စမတ်ဖုန်းတွေထဲမှာ အဆန်းသစ်ဆုံးတီထွင်မှုတစ်ခုအဖြစ် နာမည်ကြီးခဲ့ပြီးသားဖြစ်ပါတယ်။ အခုဖော်ပြမှာကတော့ Animoji မှာ Face ID သုံးဖို့မလိုဘူးဆိုတာကို လက်တွေ့ပြဖို့ဖြစ်ပါတယ်။

နည်းပညာတွေအကြောင်း တင်ဆက်ပေးနေတဲ့ YouTuber တစ်ယောက်ဖြစ်တဲ့ Marques Brownlee က iPhone X ကိုလည်း review လုပ်ပြီးသုံးသပ်ပြထားပါတယ်။ အောက်ကဖော်ပြထားတဲ့ ဗီဒီယိုမှာတော့ Animoji ဟာ Face ID ရဲ့ TrueDepth sensor တွေကို လက်နဲ့အုပ်ထားတာတောင်မှ ကောင်းကောင်းကြီးအလုပ်လုပ်နေပြီး RGB ကင်မရာတွေကို အုပ်လိုက်မှသာ အလုပ်လုပ်တာရပ်သွားတာကိုတွေ့ရပါတယ်။ (ဗီဒီယိုရဲ့ ၁၁မိနစ် ၄၀စက္ကန့်လောက်မှာ တွေ့နိုင်ပါတယ်။)

ဒါဆိုရင် Face ID မပါတဲ့ iPhone 8 နဲ့ 8 Plus တို့မှာ Animoji အလုပ်မလုပ်တာဘာကြောင့်လဲဆိုတာကတော့ စဉ်းစားစရာဖြစ်လာပါပြီ။

Animoji က ARKit ကိုသုံးထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲ မျက်နှာလှုပ်ရှားမှုပုံစံတွေကိုဖမ်းယူနိုင်ဖို့ ရှေ့ဘက်ကင်မရာနဲ့တင် လုံလောက်ပါတယ်။ ဒါပေမယ့် လက်ရှိအနေနဲ့ပြောရရင်တော့ Apple က iPhone X ကလွဲရင် တခြားဘယ် iPhone ကိုမှ ရှေ့ကင်မရာမှာ ARKit အလုပ်လုပ်ဖို့ ခွင့်ပြုပေးမထားပါဘူး။ ဒါ iPhone X မှာရပြီး 8 နဲ့ 8 Plus တို့မှာ မရတဲ့အဓိကအကြောင်းအရင်းပါပဲ။

ARKit က ပရိုဆက်ဆာအတူတူသုံးထားတဲ့ iPhone 8 နဲ့ Apple ရဲ့ ၂၀၁၇ ထုတ်ဖုန်းတွေအကုန်လုံးရဲ့ ကျောဘက်ကင်မရာမှာကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ ထင်ကြေးကိုပြောရရင်တော့ Animoji က အဓိကအနေနဲ့ RGB ကင်မရာကိုသုံးထားပြီး ကြွက်သားတွေလှုပ်ရှားမှုလိုမျိုး အသေးစိတ်လေးကို လိုက်ဖမ်းနိုင်ဖို့အတွက် TrueDepth sensor ကိုထပ်ခေါ်ထားတယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဗီဒီယိုကိုကြည့်လိုက်ရင် TrueDepth ကင်မရာကိုလက်နဲ့အုပ်လိုက်တုန်းက ပထမဆုံး ဘာ animation ကို မမြင်မိပါဘူး။ နောက်ဖြစ်နိုင်ချေတစ်ခုက စဦး depth map ကိုသုံးဖို့အတွက် Face ID ရဲ့ sensor တွေကိုသုံးထားပြီး နောက်မှ RGB ကင်မရာကပြန်ယူတာလည်းဖြစ်နိုင်ပါတယ်။

Animoji တွေက ဖုန်းအတွက်မျက်နှာပန်းလှစရာတစ်ခုဖြစ်တာကြောင့် Apple အနေနဲ့ iPhone X မှာသာရနိုင်အောင် TrueDepth ကင်မရာကိုအဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်နိုင်ပါတယ်။ Facebook နဲ့ Snapchat တို့ရဲ့ မျက်နှာဖုံးပုံစံတွေဆိုလည်း ဘာ ကင်မရာ hardware အပိုမှမပါပဲ အလုပ်လုပ်နိုင်တာကြောင့် ဘယ်လိုပဲနေနေ TrueDepth sensor တွေကိုလက်နဲ့အုပ်လိုက်လည်းအလုပ်လုပ်နေဆဲဆိုတာက သိပ်တော့ထူးဆန်းတယ်လို့မမြင်မိပါဘူး။ ဒါပေမယ့် iPhone X လောက်တော့ တိကျချင်မှ တိကျပါလိမ့်မယ်။

ဒီထက်သေသေချာချာတိတိကျကျသိရဖို့ Apple ကနေသတင်းကိုနားစွင့်နေရဦးမှာပါ။

Source: TheNextWeb

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category