486 Shares 162 Views

iPhone X ရဲ့စိတ်ရှုပ်စရာအကောင်းဆုံး ၇ချက်ကို ဘယ်လိုပြင်ကြမလဲ??

Nov 15, 2017
486 162


iPhone  X ကတော့ အနာဂတ်မှာမျှော်လင့်ထားခဲ့တဲ့ ဖုန်းမျိုးဖြစ်တဲ့အတွက် အခုချိန်မှာဝယ်ယူရင် ဈေးများများပေးရမှာကတော့ ကျိန်းသေပါပဲ။ တချို့ဖုန်းတွေကျတော့ အမြဲတမ်းကောင်းမွန် စိတ်ချရပေမယ့် တစ်ချို့ဖုန်းတွေကတော့ စိတ်မချရတာမျိုးတွေရှိတတ်ပါတယ်။ Gesture သုံးရတာတောင်မှ တခါတလေစိတ်မချရတာမျိုးတွေလည်း ရှိနေပါတယ်။ iPhone X မှာတော့ အကောင်းဆုံး feature အနေနဲ့ Face ID ကိုသုံးထားပေမယ့် တချို့အခြေအနေတွေမှာ ဒီ Face ID ကြောင့်ပဲ ဒုက္ခတွေ့ကောင်းတွေ့နိုင်ပါတယ်။

နည်းပညာကို ရူးသွပ်တဲ့သူတွေအတွက်တော့ iPhone X က ခြုံကြည့်ရင်တော်တော်ကောင်းတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဒါပေမယ့် သူ့မှာလည်း သုံးရတာစိတ်ရှုပ်စေတဲ့အချက်ကလေးတွေ ရှိနေပါသေးတယ်။

  1. Face ID ကို ချိန်ညှိခြင်း


Face ID က ဖုန်းအများစုမှာတော့ ကြေညာတုန်းကအတိုင်းပဲ ကောင်းကောင်းလုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းကို လော့ခ်ဖွင့်လို့မရဘူး ခက်ခဲနေတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်းလုပ်ပေးလို့ရပါတယ်။

– သော့ပုံလေး unlock ဖြစ်သွားတာပြတဲ့အထိစောင့်မနေပါနဲ့။ screen ရဲ့ အောက်ခြေကနေ အပေါ်ကိုဝိုက်ဆွဲပြီးဖွင့်လိုက်လို့ရပါတယ်။ တော်တော်များများအခြေအနေမှာတော့ Home Screen ကိုရောက်တဲ့အချိန်မှာ Face ID အတည်ပြုခြင်းပြီးစီးတတ်ပါတယ်။

– အကွာအဝေးအနေနဲ့ဆိုရင်တော့ Face ID က ကိုယ့်မျက်နှာရဲ့ ၁၀လက်မကနေ ၂၀လက်မအတွင်းမှာပဲ အကောင်းဆုံးအလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ တကယ်လို့များ Face ID အလုပ်မလုပ်ဘူးဆိုရင် ဖုန်းကို ကိုယ့်မျက်နှာနဲ့ နီးနီးမှာထားပြီး လော့ခ်ဖွင့်ရင် အဆင်ပြေနိုင်ပါတယ်။

– တကယ်လို့ iPhone X ကိုစားပွဲပေါ်တင်ထားတဲ့အချိန်မှာ လော့ခ်ဖွင့်ဖို့ခက်ခဲနေတယ်ဆိုရင်တော့ ကောက်ကိုင်ပြီး screen ကိုပဲတိုက်ရိုက်ကြည့်ပေးလိုက်ပါ။

– တစ်ခါတစ်လေမှာ တောက်ပတဲ့နေရောင်ခြည်က Face ID ရဲ့အလုပ်လုပ်နိုင်စွမ်းကို အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါကြောင့် Face ID နဲ့ လော့ခ်ဖွင့်တဲ့အခါမျိုးမှာ နေရောင်က ကိုယ့်အနောက်မှာရှိမနေတာအကောင်းဆုံးပါပဲ။

  1. Attention Feature ကို Disable လုပ်ခြင်း

Face ID က မျက်နှာအတည်ပြုခြင်းကို မစခင်မှာပဲ TrueDepth sensor ကို မျက်စိနဲ့ကြည့်ပေးဖို့လိုအပ်ပါတယ်။ တကယ်လို့ Face ID အလုပ်လုပ်တာအရမ်းကြာနေပြီ ကိုယ်ပိုင်လုံခြုံရေးကိုလည်း သိပ်စိတ်မပူဘူးဆိုရင်တော့ ဒီ feature ကို ဖြုတ်လိုက်လို့ရပါတယ်။

ဒီ feature ကို ဖြုတ်ချင်ရင်တော့ Setting- > General -> Accesibility -> Face ID and Attention ကနေ Require Attention for Face ID ကို ပိတ်ပေးလိုက်ရင် ရပါပြီ။

Face ID က မျက်နှာကို ဖတ်ပြီးပြီးချင်း လော့ခ်ပွင့်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ကိုယ်အိပ်နေတဲ့အချိန် တနေရာရာကိုကြည့်နေတဲ့အချိန်မှာ ဖုန်းကိုလော့ခ်ဖွင့်လို့ရနိုင်ခြေသိပ်များပါတယ်။

Face ID ကို အမြန်ပိတ်ချင်တယ် disable လုပ်ချင်တယ်ဆိုရင်တော့ ခလုတ်သုံးခု(ဘေးခလုတ် အသံအတိုးအချဲ့ခလုတ်၂ခု) ကိုတပြိုင်နက်ဖိထားလိုက်ရင် ရပါပြီ။ တကယ်လို့ Taptic Feedback ရလာပြီဆိုရင်တော့ Face ID ကိုပြန်သုံးချင်ရင် passcode ပြန်ရိုက်ပေးဖို့လိုပါလိမ့်မယ်။

  1. Assistive Touch

iPhone X မှာတော့ Assistive Touch ဆိုတာ စက်ဝိုင်ပုံအဝိုင်းလေးတစ်ခုဖြစ်ပြီး Home button software လိုပါပဲ။ တကယ်လို့ Home Button ကိုသုံးရတာပဲကြိုက်တယ်ဆိုရင် Assistive Touch က home button လိုမျိုးပဲ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။

Enable လုပ်ပေးချင်ရင်တော့ Settings -> General -> Accessibility-> Assistive Touch ကို ဖွင့်ပေးလိုက်ရင်ရပါပြီ။

Home button လိုမျိုး

တစ်ချက်နှိပ် : Home

၂ချက်နှိပ် : Multitasking

3D Touch : Siri

ကြာကြာနှိပ်ထားရင် : Control Center တွေကို လုပ်ပေးသွားမှာဖြစ်ပါတယ်။

  1. Reachability

iPhone X မှာတော့ Reachability က default ပါမလာတော့ပါဘူး။

Reachabillity ကို Enable လုပ်ချင်တယ်ဆိုရင်တော့ Setting-> General-> Accessibility-> Reachability (setting မှာ reachability toggle လေးကို မတွေ့ရင် iOS 11 ဗားရှင်းကိုမြှင့်ပေးဖို့ လိုပါတယ်။)

  1. လော့ခ်ကျနေချိန်မှာ Notification Previews ပြခြင်း

Notification previews တွေကို ဖျောက်ပေးတယ်ဆိုတာ ကောင်းတဲ့ feature တစ်ခုပါပဲ။ Face ID နဲ့ လော့ခ်မဖွင့်မချင်း notification မှာပါတဲ့စာတွေကို ဖျောက်ပေးထားမှာဖြစ်ပါတယ်။

တခါတလေမှာ Face ID က Lock screen မှာ အလိုအလျောက်အလုပ်မလုပ်တာကိုတွေ့ရတတ်ပါတယ်။ အပေါ်ကို ဝိုက်ဆွဲပြီးဖွင့်လိုက်တဲ့အချိန်မှသာ ချက်ချင်းအတည်ပြုပြိး လော့ခ်ဖွင့်ပေးတာမျိုးပါ။

ဒါကလည်း တခါတလေမှာ စိတ်ရှုပ်စရာကောင်းပါတယ်။ ဒါကြောင့် Setting-> Notifications -> Show Previews ကိုသွားပြီး Always ကိုပြောင်းပေးလိုက်ရင်ရပါပြီ။

  1. တိုက်ရိုက်အလင်းရောင်နဲ့ Portrait Mode ဆယ်လ်ဖီပုံများရိုက်ကူးခြင်း

iPhone X မှာတော့ ဆယ်လ်ဖီကင်မရာအတွက်ပါ Portrait mode နဲ့ Portrait Lighting ပါဝင်လာပါပြီ။ ကောင်းကောင်းသာသုံးတတ်မယ်ဆိုရင်တော့ ထွက်လာတဲ့ပုံက သင်တောင်အံ့သြယူရပါလိမ့်မယ်။ အထူးသဖြင့်တော့ Studio Light နဲ့ Stage Light Mono effect တွေကို ထပ်ပေါင်းသုံးလိုက်တဲ့အချိန်မှာ အကောင်းဆုံးဆိုတဲ့ပုံတွေကို ရနိုင်ပါလိမ့်မယ်။

ဒါပေမယ့် iPhone ကင်မရာတွေမှာနာမည်ကြီးတဲ့ point-and-shoot ဓာတ်ပုံရိုက်နိုင်စွမ်းအတွက်တော့ အရှေ့ကင်မရာတွေက သိပ်အဆင်မပြေသေးဘူးလို့ဆိုရမှာပါ။ မျက်နှာအထားအသိုနေရာ angle ယူတာမမှန်ဘူးဆိုရင် မျက်မှန်တွေနားရွက်တွေပါ ဝါးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် Portrait mode selfie တွေရိုက်မယ်ဆိုရင် လိုက်နာရမယ့်အချက်ကလေးတွေက

– မျက်နှာယူပုံထောင့်အနေအထားမှန်ကန်အောင်ထားပေးပါ။ ဒါမှ မျက်မှန်တွေနားရွက်တွေ မဝါးမှာဖြစ်ပါတယ်။

– မျက်နှာကိုရှေ့တည့်တည့်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှ နားရွက်တွေမဝါးသွားပဲ လှပတဲ့ပုံတစ်ပုံရရှိမှာပါ။

– Portrait Lighting effect ကိုသုံးတော့မယ်ဆိုရင် အလင်းရှိရာကိုမျက်နှာတည့်တည့်ထားလိုက်တာအကောင်းဆုံးပါပဲ။ ပြတင်းပေါက်ဖြစ်ဖြစ် မီးလုံးဖြစ်ဖြစ် အလင်းရောင်က ကိုယ့်နောက်မှာရှိမနေဘဲ အရှေ့မှာရှိနေရင် ရပါပြီ။ Stage Lighting Mono (အဖြူအမည်း) effect ကိုသုံးမယ်ဆို ပိုတောင်အရေးကြီးပါတယ်။

  1. Video Zoom in


ကြော်ငြာမှာတော့ Apple က ဗီဒီယိုကြည့်တဲ့အခါ screen အပြည့်ပုံစံမျိုးပြထားပါတယ်။ ရုပ်ရှင်တွေ(ဥပမာ- trailers ဗီဒီယိုများ) ကို 21:9 အချိုးနဲ့ကြည့်မယ်ဆိုရင်တော့ screen နဲ့အလိုအလျောက် အံဝင်ခွင်ကျဖြစ်နေမှာပါ။

ဒါပေမယ့် ဗီဒီယိုအများစုကတော့ 16:9 ဖြစ်တဲ့အတွက် အပြည့်မဟုတ်ဘဲ လေးထောင့်စက်စက်ပုံစံမျိုးပဲဖြစ်နေမှာပါ။ ဒါဆိုရင်တော့ လွတ်နေတဲ့နေရာကြီးက ကြည့်ရဆိုးချင်လည်း ဆိုနေပါလိမ့်မယ့် ။ ဒါပေမယ့် Apple ပြတဲ့အတိုင်းလုပ်ကြည့်လိုက်ရင် zoom ချုံ့သလိုဖြစ်သွားပြီး စာတန်းထိုးနေရာပြတ်သွားပြီး လေးဘက်လေးလံမှာလည်း နေရာအကျယ်ကြီးကျန်နေတာကြောင့် စိတ်ရှုပ်စရာကောင်းမှာပါ။

Attention Aware Feature ကို ပြန်ဖြုတ်ခြင်း

iPhone X မှာတော့ အော်တိုလော့ခ်ကို default အနေနဲ့ထားထားတဲ့အပြင် screen ကိုစိုက်ကြည့်မနေရင်မှိန်သွားတဲ့ feature အသစ်ကိုပါ ထည့်ထားပါသေးတယ်။ iPhone X ရဲ့ screen ကတော့ မှိန်ပြီး စက္ကန့် ၃၀ ကြာရင် sleep ဖြစ်သွားမှာဖြစ်ပါတယ်။

Setting-> General-> Accessibility-> Face ID and Attention-> Attention Aware Feature ကို toggle ပိတ်လိုက်ရင်ရပါပြီ။

အလိုအလျောက်လော့ခ်ကျတာအတွက်ကတော့ပြင်ချင်ရင် Setting-> Display & Brightness-> Auto-Lock ကနေ စက္ကန့်၃၀ထက်ပိုတိုးထားလို့ရပါတယ်။

ဒီလိုစိတ်ရှုပ်စရာလေးတွေကို ရှင်းပြီးသွားပြီဆိုရင်တော့ iPhone X ကိုသုံးရတာပြီးပြည့်စုံတယ်လို့ ခံစားမိမှာကျိန်းသေပါပဲ။

Source: iPhoneHacks

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category