243 Shares 39 Views

နောက်လအတွင်း တောင်ကိုရီးယားမှာထွက်ရှိလာတော့မယ့် BlackBerry KEYone Black Edition

Nov 15, 2017
243 39

စမတ်ဖုန်းတွေနဲ့ တခြားသောနည်းပညာပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ရောင်းချနေတဲ့ တရုတ်ကုမ္ပဏီ TCL က မကြာသေးခင်ကပဲ BlackBerry ရဲ့ စမတ်ဖုန်းပိုင်း global right ကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီးတဲ့နောက် TCL နဲ့ BlackBerry တို့ရဲ့ ပထမဆုံးထွက်ရှိလာတဲ့စမတ်ဖုန်းကတော့ BlackBerry KEYone ပါပဲ။ KEYone မှာတော့ display က touch-screen ဖြစ်ပြီး နှိပ်လို့ရမယ့် Physical ကီးဘုတ်လည်းပါဝင်မှာဖြစ်ပါတယ်။ Snapdragon 635 chipset ကိုသုံးထားပြီးတော့ နောက်ဘက် 12MP ကင်မရာနဲ့ အရှေ့ဘက်မှာတော့ 8MP ရှိတဲ့ကင်မရာကို တပ်ဆင်ထားပါတယ်။ ဘက်ထရီကိုတော့ 3505 mAh ရှိတဲ့ဘက်ထရီကို အသုံးပြုထားမှာဖြစ်ပါတယ်။

ဒီ Black Edition KEYone စမတ်ဖုန်းအသစ်အတွက် အထူးအနေနဲ့ RAM 4G အပြင် များများသိမ်းဆည်းနိုင်ဖို့အတွက် internal storage က 64GB သုံးထားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံအတွက်ပဲ သီးသန့်ဖြစ်လို့ ကီးဘုတ်က အင်္ဂလိပ်ကီးဘုတ်အစား ကိုရီးယားကီးဘုတ်နဲ့  အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဖုန်းမှာတော့ ကိုရီးယားနိုင်ငံက အသုံးပြုသူတွေအတွက် တော်တော်လေးအသုံးတည့်မယ့် feature လေးတွေလည်း ပါဝင်ဦးမြှာ့ဖစ်ပါတယ်။ နောက်လအစပိုင်းကစပြီး  ကိုရီးယားဝမ် ၅သိန်းနဲ့ဝယ်ယူရနိုင်ပြီဖြစ်လို့ စိတ်ဝင်စားသူတွေအနေနဲ့ CJ Hello Vision အွန်လိုင်းနဲ့ offline စတိုးတွေမှာ သွားရောက်ဝယ်ယူနိုင်မှာပါ။

ref: TheAndroidSoul

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
0 shares0 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
0 shares0 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Leave a Comment

Most from this category