1476 Shares 463 Views

မိခင်ရဲ့ iPhone X ကို သူ့မျက်နှာဖြင့် Unlock လုပ်ပြလိုက်တဲ့ အသက် ၁၀ နှစ်အရွယ် ကလေး

Nov 15, 2017
1476 463

Apple ရဲ့ Face ID ကိုတော့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်က သိက္ခာထပ်ချလိုက်ပြန်ပါပြီ။ မကြာခင်ကလည်း လုံခြုံရေး အဖွဲ့အစည်းတစ်ခုက Face ID ကို မျက်နှာဖုံးဖြင့် လှည့်စားသွားခဲ့ပါတယ်။ Apple Face ID ကို ပညာရှင်များစွာက စမ်းသပ်ခဲ့ကြရာမှာ အလွန် လုံခြုံတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် သူ့မှာလည်း လုံခြုံရေးဟာကွက်များ ရှိနေပါသေးတယ်။ အခုလည်း မျက်နှာအစိတ်အပိုင်းများ တူညီကြတဲ့ မိသားစုဝင်များဟာ Face ID ကို လှည့်စားနိုင်တယ်ဆိုတာ သတိပြုစရာ ဖြစ်လာပါတယ်။ Apple ကတော့ အမွှာများမှာသာ ဒီလို ပြုလုပ်နိုင်ပြီး ရုပ်ချင်းဆင်တူတဲ့ လူများမှာတော့ အကြိမ် ၁ သန်းမှာ တစ်ကြိမ်သာ အောင်မြင်နိုင်တယ်လို့ ပြောထား ပါတယ်။

ယခုဖြစ်စဉ်မှာ အသက် ၁၀ နှစ်အရွယ် Ammar Malik ဟာ သူ့ မိခင် Sana Sherwani ရဲ့ iPhone X ကို လွယ်ကူစွာ ကျော်ဖြတ်ပြသွားတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ တင်ထားပါတယ်။ အဲဒီဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။ Malik ဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ iPhone X ကို Unlock လုပ်ပြသွားပါတယ်။

Apple ဟာ Face ID ကို အလွန်အားကိုးယုံကြည်ပုံပေါ်ပါတယ်။ ကုမ္ပဏီက လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် iPhone မော်ဒယ် အားလုံးမှာ Face ID ကို ထည့်သွင်းထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ Face ID ဖြင့် အနာဂတ်မှာ ငွေပေးချေမှုများ ပြုလုပ်ရင် စိတ်ချရပါ့မလားဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ref : wired

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category