299 Shares 41 Views

အာကာသမှာ ဂြိုလ်သားရှာမယ့် ရုရှား သူဌေး

Nov 15, 2017
299 41

ရုရှား နည်းပညာ သူဌေး ယူရီမီလ်နာက Saturn Moon Enceladus ဂြိုလ်မှာ ဂြိုလ်သား ရှာမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ သူက စကြဝဠာမှာ လူသားတွေပဲ ရှိတာလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်လို့ ပြောပါတယ်။ သူဟာ အာကာသကို လေ့လာဖို့ ၂၀၁၅ ခုနှစ်မှာ Breakthrough Initiative စီမံကိန်းကို တည်ထောင်ခဲ့ပြီး စီမံကိန်းမှာ ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှပ်နှံထားပါတယ်။

မီလ်နာက သူတို့ရဲ့ သိပ္ပံပညာရှင် အဖွဲ့ဟာ သက်ရှိများ ရှိနေနိုင်တဲ့ နေရာသုံးခုရှိတယ်လို့ ယုံကြည်နေပါတယ်။ အဲဒါတွေကတော့ Mars ရဲ့ မျက်နှာပြင်၊ ဂျူပီတာရဲ့ Moon Europa နဲ့ အထူးသဖြင့် Enceladus တို့ ဖြစ်ပါတယ်။ Enceladus ဟာ ကမ္ဘာကနေ ၁.၂၇ ဘီလီယမ် မိုင် ကွာဝေးပြီး မျက်နှာပြင်ရဲ့ အပူချိန်ဟာ အနုတ် ၂၀၀ ဒီဂရီ ဆယ်လ်ဆီးယပ်စ် အောက်မှာ ရှိပါတယ်။ Enceladus ရဲ့အချင်းဟာ ၅၀၀ ကီလိုမီတာ ရှိပါတယ်။

မီလ်နာဟာ ဒေါ်လာ ၃.၅ ဘီလီယမ်လောက် ပိုင်ဆိုင်ပြီး Enceladus ဂြိုလ်မှာ ဂြိုလ်သား ရှာဖွေဖို့အတွက် အာကာသယာဉ်တစ်စီးကို စေလွှတ်မယ်လို့ ပြောပါတယ်။ သွားမယ့် လမ်းကြောင်းကိုတော့ သူတို့က မသတ်မှတ်ရသေးပါဘူး။ မီလ်နာဟာ ဆိုဗီယက် ရုရှား ခေတ်မှာ ရူပဗေဒ ဘွဲ့ရရှိထားသူ ဖြစ်ပြီး လက်ရှိမှာ ကယ်လီဖိုးနီးယားနဲ့ မော်စကိုကို အသွားအပြန်လုပ်၍ အလုပ်လုပ်နေပါတယ်။ မီလ်နာလို ဘီလီယမ်နာများဖြစ်တဲ့ Elon Musk နဲ့ Jeff Bezos တို့ဟာလည်း သူတို့ကိုယ်ပိုင် အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို ပြုလုပ်ထားကြပါတယ်။

ref: rt

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category