394 Shares 100 Views

Dual Camera ပါတဲ့ စမတ်ဖုန်းထုတ်လုပ်တော့မယ့် Sony

Nov 15, 2017
394 100

စမတ်ဖုန်း ထုတ်လုပ်သူ အများစုအနေနဲ့ Dual ကင်မရာတပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်နေတဲ့အချိန် မှာ အနည်းငယ်လက်ရှောင် နေခဲ့တဲ့ ကုမ္ပဏီအနည်းငယ် ရှိနေပါတယ်။ ဒီလိုစမတ်ဖုန်း ထုတ်လုပ်သူတွေထဲမှာ Display နည်းပညာတွေနဲ့ နာမည်ကျော်နေတဲ့ ဂျပန်စမတ်ဖုန်း ထုတ်လုပ်သူ Sony လည်းအပါအဝင် ဖြစ်ပါတယ်။ အခုတော့ စမတ်ဖုန်းတွေရဲ့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းကို သီးသန့်ရပ်တည်လျက်ရှိနေတဲ့ Sony အနေနဲ့ ရှောင်လွဲလို့မရ နိုင်တော့ပါဘူး။ Display နည်းပညာနယ်ပယ်မှာ ထိပ်တန်းအဆင့် ရပ်တည်လျက်ရှိတဲ့ Sony ဟာအခုတော့ ကင်မရာ ၂ လုံးတပ် ရေစီးကြောင်းထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Sony အနေနဲ့ စမတ်ဖုန်းလောကရဲ့ လမ်းကြောင်းသစ်ကို အလယ်အလတ်အဆင့်ရှိ စမတ်ဖုန်းနဲ့ စတင်တော့မယ်လို့ GFX Bench ရဲ့ဖော်ပြမှုတွေအရ သိခဲ့ရပါတယ်။ သို့ပေမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ အနည်းငယ်သော ကွဲလွဲချက်တော့ ရှိနေနိုင်ပါတယ်။ ကုမ္ပဏီရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းဟာ Sony Xperia H3213 Avenger ဖြစ်ပြီး ဒါဟာကုန်အမှတ်တံဆိပ်တွေ အတွက်တော့ ထိတ်လန့်စရာ နာမည်တခုလို့ ပြောဆိုနေကြပါတယ်။ အသစ်ထွက်လာမယ့် ဖုန်းအသစ်ဟာ XA Ultra ဖုန်းအသစ် ဖြစ်လာနိုင်ခြေရှိပါတယ်။

ဖုန်းမှာလုပ်ဆောင်ချက် အနေနဲ့ ရှေ့ဘက်ကင်မရာဟာ 4K video တွေကိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ 16MP + 8MP ကင်မရာ၂လုံးကို အရှေ့ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ ကင်မရာတခုထဲပါပြီး 21MP ဆင်ဆာကင်မရာသာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ သူကလည်း 4K video တွေကို ရိုက်ကူးနိုင်မှာပါ။ ပရိုဆက်ဆာပိုင်း အနေနဲ့ Snapdragon 630 ကိုသုံးထားပြီး 4GB RAM နဲ့ အတူ 32GB သိုလှောင်မှုကို ရရှိမှာဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှသာ ထွက်လာနိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးစွဲသူတွေကအနေနဲ့ကတော့ ဆိုနီရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်နဲ့ ဖုန်းကိုမျှော်လင့်နေမှာတော့ အမှန်ပါဘဲ။

Source: gsmarena

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category