523 Shares 74 Views

အိန္ဒိယဈေးကွက်မှာ Samsung ကိုအမှီလိုက်လာတဲ့ Xiaomi

Nov 15, 2017
523 74

စမတ်ဖုန်း စစ်တမ်းကုမ္ပဏီ IDC ရဲ့အဆိုအရ အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းရောင်းချမှုမှာ Xiaomi အနေနဲ့ Samsung ကိုအမီလိုက်လာနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ တတိယကွာတားဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ်ဖုန်းရောင်းချကို IDC ရဲ့ထုတ်ဖော် တင်ပြချက်တွေအရ စမတ်ဖုန်းတင်ပို့ ရောင်းချမှုဟာ ၃၉ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ်တင်ပို့ ရောင်းချမှုဟာ ၂၀၁၆ ခုနှစ်မှာ ရောင်းချနိုင်ခဲ့တဲ့ တတိယကွာတား ရောင်းချနိုင်မှုထက် ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့ ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူ Samsung နဲ့အတူ ပူးတွဲ ပထမနေရာမှာ ရပ်တည်လျက်ရှိပြီး စမတ်ဖုန်းဈေးကွက်ရဲ့ 23.5% ရာခိုင်နှုန်းစီကို အညီအမျှ ရရှိထားပါတယ်။ အိန္ဒိယဈေးကွက် အတွက်ပိုမိုရောင်းချနိုင်မှုဟာ သြဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းအရောင်း ပွဲတော်တွေကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Xiaomi အနေနဲ့ အွန်လိုင်းထုတ်ကုန်အားလုံးရဲ့ ၃၂ ရာခိုင်းနှုန်းသာ တင်ပို့နိုင်ခဲ့တာပါ။ ယနေ့အချိန်မှာတော့ ၃၇ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်တာကြောင့် အလားအလာကောင်းတဲ့ ဈေးကွက်ကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Xiaomi အနေနဲ့အွန်လိုင်းရောင်းချမှုမှာ ဖောက်သည်တွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တဲ့လို့ဆိုနိုင်ပါတယ်။

စမတ်ဖုန်းရောင်းချသူတွေရဲ့ ထိပ်ဆုံးနေရာမှာ Xiaomi အနေနဲ့ တိုးတက်နိုင်ခဲ့ကာ တတိယနေရာမှာတော့ Motorola စမတ်ဖုန်း တွေကို ထုတ်လုပ်နေတဲ့ Lenovo ကရပ်တည်လျက်ရှိပါတယ်။ နံပါတ်လေးနေရာကိုတော့ Vivo ကရရှိထားပြီး၊ OPPO ကတော့ 7.9% ရာခိုင်နှုန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ Xiaomi အနေနဲ့ ယခုနှစ်အတွင်းမှာ Google နဲ့ပူးပေါင်းပြီးတော့ Android One စမတ်ဖုန်းတွေကို ရောင်းချနိုင်ခဲ့သလို၊ ဘေးဘောင်မဲ့ စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ IDC ရဲ့ဖော်ပြချက်တွေအရူစမတ်ဖုန်းရောင်းချသူတွေဟာ ၀.၁ ရာခိုင်နှုန်း ကွာဟမှုနဲ့ စမတ်ဖုန်း တင်ပို့ရောင်းချနိုင်မှု နေရာတွေကို ရပ်တည်နေကြတာဖြစ်တာကြောင့် ဖြစ်တာကြောင့် ကုမ္ပဏီတခုကသာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို ချပြနိုင်မယ်ဆိုရင် IDC ရဲ့ရပ်တည်မှုမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။

Source: Gsmarena

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category