220 Shares 65 Views

အမေရိကန်မှာ ဒစ်ဂျစ်တယ် ဆေးလုံးများကို သောက်သုံးနိုင်ပြီ

Nov 15, 2017
220 65

အမေရိကန် အစားအစာနဲ့ ဆေးဝါးထိန်းချုပ်ရေး ဌာန (FDA) က လူနာကို ထောက်လှမ်းနိုင်တဲ့ ပထ မဆုံး ဒစ်ဂျစ်တယ် ဆေးလုံးများကို ခွင့်ပြုလိုက်ပါပြီ။ အဲဒီဆေးလုံးရဲ့ အမည်မှာ Abilify MyCite ဖြစ်ပါတယ်။ သူ့မှာ အလွန်သေးငယ်ပြီး လူ့ခန္တာကိုယ်ထဲမှာ နေနိုင်တဲ့ Sensor တစ်ခု တပ်ဆင်ထားပါတယ်။ အဲဒီ Sensor က လူနာမှာ ၀တ်ဆင်ထားတဲ့ Patch နဲ့ ဆက်သွယ် အလုပ်လုပ်နိုင်ပါတယ်။ Patch ကနေ ဒေတာများကို စမတ်ဖုန်း App ထံပေးပို့မှာ ဖြစ်ပြီး လူနာဟာ အဲဒီ ဒေတာများကို ဆရာဝန်များထံ အွန်လိုင်းကနေ ပေးပို့နိုင်ပါတယ်။ Abilify ဟာ Schizophrenia နဲ့ Bipolar Disorder လို့ခေါ်တဲ့ စိတ်ဝေဒနာများနဲ့ စိတ်ကျရောဂါများကို ကုသပေးတဲ့ ဆေးဝါး ဖြစ်ပါတယ်။

ဆေးလုံးမှာ တပ်ဆင်ထားတဲ့ Sensor ဟာ သဲတစ်မှုန်လောက်သာ ရှိပြီး ဆီလီကွန်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်များဖြင့် ပြုလုပ်ထားပါတယ်။ Sensor ဟာ အစာအိမ်မှ အက်ဆစ်များနဲ့ ထိတွေ့တဲ့အခါမှာ လျှပ်စစ် အချက်ပြမှုကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီနောက်မှာ Sensor ဟာ အစားအစာများလို ကျေပျက်သွားပါတယ်။ ဆေးလုံးကို မြိုချပြီး မိနစ်အနည်းငယ် အကြာမှာ ဒေတာများကို လူနာမှာ တပ်ဆင်ထားတဲ့ Patch ကနေ ရရှိပါတယ်။

အဲဒီနောက်မှာ Patch က ဆေးသောက်တဲ့အချိန်၊ ဆေးပမာဏတို့လို ဒေတာများကို စမတ်ဖုန်း App ထံ Bluetooth ကနေ ပေးပို့ပါတယ်။ Patch က ကိုယ်လက်လှုပ်ရှားမှုများ၊ လမ်းလျှောက်တဲ့ ခြေလှမ်းများ၊ အိပ်စက် မှု ပုံသဏ္ဍာန်များ၊ နှလုံးခုန်နှုန်းများကို တိုင်းတာပေးနိုင်ပါ တယ်။ ဆေးလုံးကို နှစ်များစွာ သုတေသနပြုလုပ်ပြီးမှ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျပန်ဆေးဝါး ကုမ္ပဏီ Otsuka နဲ့ ဒစ်ဂျစ်တယ် ဆေးပညာ ၀န်ဆောင်မှု Proteus Digital Health တို့ ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ဆေးလုံးများဟာ ဆေးကို အချိန်မှန် မသောက်တဲ့ လူနာများကို ထိန်းကျောင်းနိုင်မှာပါ။ အမေရိကန်မှာ ၂၀၁၂ ခုနှစ်တွင် ဆေးကို အချိန်မှန် မသောက်တဲ့အတွက် ဆုံးရှုံးနစ်နာတဲ့ ငွေကြေးဟာ ၂၀၀ ဘီလီမယ်ကျော်ရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ref : theverge

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category