335 Shares 79 Views

2019 ခုနှစ်မှာ လေဆာအခြေပြု 3D sensor နဲ့ ဖုန်းကို Apple ထုတ်လုပ်သွားဖို့ရှိ

Nov 14, 2017
335 79

2017 မှာထွက်ရှိထာတဲ့ iPhone X မှာ အသစ်အဆန်းလို့ ခေါ်နိုင်တဲ့ animoji ထည့်သွင်းလာခဲ့ပါတယ်။ သို့ပေမယ့် သုံးစွဲသူတွေအတွက် မျှော်လင့်ချက်တွေကို အရမ်းကြီးဖြည့်ဆည်းပေးနိုင်တယ်လို့ မဆိုနိုင်သေးပါဘူး။ အခုလည်း ၂၀၁၉ ခုနှစ်မှာ ထွက်လာမယ့် iPhone အသစ်နဲ့ပတ်သတ်ပြီး ကောလာဟလတွေ ထွက်လာပြန်ပါပြီ။ Bloomberg သတင်းဌာနကနေ ဒီနေ့ထွက်လာတဲ့ သတင်းမှာတော့ Apple အနေနဲ့ “3D sensor” စနစ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်လျက်ရှိနေပြီး လုပ်ဆောင်ချက်သစ်ကို ၂၀၁၉ ခုနှစ်ထွက် ဖုန်းမှာထည့်သွင်းသွားနိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ Augmented Reality apps တွေနဲ့ အခြားဝန်ဆောင်မှုတွေ အတွက်ပိုကောင်းတဲ့ အထောက်အပံ့ကောင်းဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Bloomberg ပြောကြားချက်အရ ကုမ္ပဏီအနေနဲ့ 3D-sensing စနစ်ပိုင်းနဲ့ ပတ်သတ်ပြီး တင်သွင်းသူရှာနေပါတယ်။ သိုပေမယ့် အသစ်ထွက်ဖုန်းမှာ သူတို့အနေနဲ့ နည်းပညာပိုင်းဆိုင်နဲ့ ပတ်သတ်လို့ ပြင်ဆင်ချက်အနည်းငယ် သုံးသွားဖို့ရှိနေလောက်ပါတယ်။ Apple အနေနဲ အသစ်ထွက် iPhone X အရှေ့ဘက်ခြမ်းမှာ FaceID အလုပ်လုပ်တဲ့ TrueDepth ဆင်ဆာနည်းပညာလိုမျိုး သုံးလာနိုင်ခြေရှိပါတယ်။ အသစ်ထွက်လာမယ့် 3D sensor နည်းပညာကတော့ ဖုန်းရဲ့ အရှေ့အနောက် ၂ ဘက်လုံးမှာ အလုပ်လုပ်နိုင် လာလိမ့်မယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ ရှိပြီးသား ARKit နဲ့အတူ iOS ဖုန်းတွေပေါ်မှာ Augmented Reality နည်းပညာတွေကို ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် နောက်ထွက်လာနိုင်မယ့် နည်းပညာအသစ်ဟာ ဖြစ်လာနိုင်ခြေ အများကြီးရှိပါတယ်။ သူနဲ့ကိုက်ညီတဲ့ Hardware ထုတ်နိုင်ဖို့ဆိုတာလည်း အများကြီးဖြစ်နိုင်ပါတယ်။ Apple အနေနဲ့ A11 Bionic processor မှာ Taptic Engine မှာ FaceID စနစ်ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို ပြသခဲ့ပြီးသွားပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ မကြာခင်အချိန်မှာ 3D sensor စနစ်နဲ့ကိုက်ညီတဲ့ Hardware စနစ်ကို ပြုလုပ်ပါလိမ့်မယ်။
Source: theverge

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category