332 Shares 97 Views

6″ လက်မမျက်နှာပြင်နဲ့ Dual ကင်မရာပါဝင်မယ့် T-Mobile REVVL Plus ဘတ်ဂျက်ဖုန်း

Nov 14, 2017
332 97

T-Mobile USA အနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ REVVL Plus ဖုန်းကိုမိတ်ဆက် ပေးလိုက်ပါတယ်။ ဖုန်းဟာ ဈေးသက်သာတယ်ဆိုပေမယ့် လက်ရှိထွက်ပေါ်နေတဲ့ စမတ်ဖုန်းတွေကို ယှဉ်နိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်းတွေဟာ လူနေမှုဘဝအတွက် အရေးပါလာတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ လူတန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်မယ့် ဈေးနှုန်းအပြင် အားလုံးလိုအပ်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ဖို့ အတွက်လည်းအစွမ်းကုန်ကြိုးစားထားပါတယ်။

မကြာခင်မှာဘဲသင်တို့အနေနဲ့ ၁၈လအကြာ ပေးသွင်းမှုတွေနဲ့အတူ ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ တစ်လကို ၉ ဒေါ်လာထက် နည်းပါးတဲ့ ပေးသွင်းမှုနဲ့ စမတ်ဖုန်းတလုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စမတ်ဖုန်းကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ပထမနှစ်မှာ ၈ ဒေါ်လာထက်ပိုတဲ့ ပမာဏကိုပေးပြီး ကျန်တဲ့တစ်နှစ်မှာတော့ လစဉ် တစ်လကို ၈ ဒေါ်လာ ပေးသွင်းသွားရုံနဲ့ ဒေါ်လာ၂၀၀တန် စမတ်ဖုန်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာလက်ရှိအချိန်မှာ ဈေးအသက်သာဆုံး လို့တောင်ဆိုနိုင်ပါတယ်။

REVVL Plus မှာ 6” မျက်နှာပြင်၊ 1080p resolution နဲ့ဖြစ်ပြီး ပုံမှန်စမတ်ဖုန်း ရုပ်ထွက်တွေအတိုင်း 16:9 အချိုးနဲ့ ဖြစ်ပါတယ်။ အနားသတ်လေးတွေကိုတော့ Gorilla Glass နဲ့ ကာကွယ်ပေးမှာ ဖြစ်တာကြောင့် အလွန်ကောင်းမွန်တဲ့ ဈေးနှုန်းနဲ့ ဖုန်းကောင်းလို့တောင် သတ်မှတ်နိုင်ပါတယ်။ OS ပိုင်းမှာတော့ Android 7.x Nougat ကိုတပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး 2GB RAM သာတပ်ဆင်ပေးထားမှာပါ။ အချက်အလက် သိုလှောင်မှု အပိုင်းမှာ အတော်လေးကောင်းမွန်ပြီး 32GB မှာ MicroSD slot လည်းထပ်တိုးနိုင်မှာပါတယ်။ octa-core ပရိုဆက်ဆာ နာမည်ကိုတော့ ထုတ်ပြောခဲ့ခြင်းမရှိဘဲ အရမ်းကြီး မြန်ဆန်တဲ့ အမျိုးအစားကိုတော့ မသုံးထားလောက်ပါဘူး။

ဒေါ်လာ ၂၀၀ တန်စမဖုန်းမှာ တပ်ဆင်ပေးထားမယ့် ကင်မရာက 13MP + 5MP dual ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 5MP selfie ကင်မရာ တပ်ဆင်ပေးထားမှာပါ။ ဘက်ထရီကတော့ 3,380mAh နဲ့ဖြစ်ပြီး၊ လက်ဗွေဖတ်စနစ်ကို ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။
Source :Gsmarena

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category