518 Shares 205 Views

Apple က ၂၀၁၈ ခုနှစ်မှာ iPhone X စွမ်းရည်များပါတဲ့ တန်ဖိုးနည်း iPhone များကို ရောင်းချမည်

Nov 14, 2017
518 205

Apple က ယခုနှစ်မှာ iPhone မော်ဒယ် နှစ်မျိုးကို ရောင်းချပေးခဲ့ပါတယ်။ iPhone X ရဲ့ ထူးခြားတဲ့ ဒီဇိုင်းကြောင့် iPhone 8 နဲ့ 8 Plus တို့ရဲ့ ရောင်းအားဟာ ထင်ထားတာထက် နည်းပါးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ကုမ္ပဏီက iPhone X ဒီဇိုင်း မော်ဒယ်များသာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

ဒီဟောကိန်းကို Apple အရေးကျွမ်းကျင်သူ KGI မှ Ming-Chi Kuo က ပြောကြားခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ iPhone သုံးလုံးကို ရောင်းချမယ်လို့ သူက ပြောပါတယ်။ သူက Apple ဟာ လာမယ့်နှစ်ထုတ် ဖုန်းများမှာ အရွယ်ကြီးမားတဲ့ စကရင်များ တပ်ဆင်ထားပြီး ဈေးနှုန်းကလည်း လက်ရှိ iPhone X ထက် ပိုမို သက်သာမယ်လို့ ပြောပါတယ်။

သူက Apple ဟာ ၂၀၁၄ ခုနှစ်ထုတ် iPhone 6 မှာ စတင် မိတ်ဆက်ခဲ့တဲ့ ဒီဇိုင်းကို လုံးဝ အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီအစား Edge-to-Edge Displays နဲ့ TrueDepth Camera စနစ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

လာမယ့်နှစ်ထုတ် iPhone များရဲ့ အရွယ်အစားများမှာ ၅.၈ လက်မ၊ ၆.၅ လက်မနဲ့ ၆.၁ လက်မတို့ ဖြစ်လာနိုင်ပါတယ်။ သူတို့မှာ OLED Display များ တပ်ဆင်ထားမှာပါ။ ၆.၁ လက်မ မော်ဒယ်မှာတော့ Japan Display က ထုတ်တဲ့ ကွေးညွှတ်နိုင်တဲ့ Full-Active LCD Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ref : mashable

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category