225 Shares 52 Views

Vivo ၏ ထုတ်ကုန်သစ် မကြာမီ ထွက်ပေါ်လာဖွယ်ရှိ

Nov 14, 2017
225 52

Vivo သည် 24MP အရှေ့ကင်မရာ၊ FullViewTM Display ပါဝင်သည့် V7+ ကို ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိခဲ့ပြီးသည့်နောက် မကြာမီအချိန်အတောအတွင်း ထုတ်ကုန်သစ်တစ်ရပ်ကို ထပ်မံ တင်သွင်းလာဖွယ်ရှိကြောင်း သိရသည်။

Vivo သည် ၎င်းတို့၏ ထုတ်ကုန်များအား selfie ဦးစားပေးအဖြစ် ဦးတည်ပြီး ထုတ်လုပ်လာသောကြောင့် ထပ်မံ တင်သွင်းလာမည့် ထုတ်ကုန်သည်လည်း selfie ဦးစားပေးသာ ဖြစ်လာဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။

လက်ရှိအချိန်တွင် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်၌ မျက်နှာပြင်ပိုမိုကျယ်ပြန့်မှုကို အထူးအလေးထားလာကြ သည်ကိုတွေ့မြင်နေရပြီး Selfie camera အရည်အသွေးကိုလည်း အပြိုင်အဆိုင် မြှင့်တင်နေကြသည်ကို တွေ့မြင်ရပါသည်။

အထူးသဖြင့် တရုတ်အခြေစိုက်စမတ်ဖုန်း ကုမ္ပဏီကြီးများသည် မျက်နှာပြင်ကျယ်၍၊ ကင်မရာပိုင်းဆိုင်ရာ အားသာမှုများ ပိုမိုရရှိစေရန် အပြင်းအထန် ပြိုင်ဆိုင်လျက်ရှိကြသည်ကို တွေ့မြင်နေရပါသည်။

ဈေးကွက်တောင်းဆိုမှုနှင့် ဦးတည်မှုများအရ Vivo သည်လည်း ၎င်း၏ ထုတ်ကုန်များကို မျက်နှာပြင်ကျယ်ပြန့်မှု၊ selfie camera ပိုင်း အရည်အသွေးကောင်းမှုကိုသာ ဦးစားပေးလာမည်ဟု ခန့်မှန်းရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် V7+ ကိုဖြန့်ချိခဲ့သည့် Vivo အနေဖြင့် လက်ရှိတွင် Y52, Y53, Y55, Y55s, V5, V5 Lite စသည်တို့ကိုလည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category