0 Shares 524 Views

Messenger ကနေ ဘယ်လို Log out လုပ်မလဲ

Mar 09, 2016
0 524

Facebook ဟာ Messenger ကို သီးသန့် app အနေနဲ့ ခွဲထုတ်ပေးခဲ့ပေမယ့်လည်း၊ user တွေကို ဆက်လက် ထိန်းသိမ်းထားတဲ့အနေနဲ့ Messenger app မှာ log out ခလုတ်ကို မထည့်သွင်းပေးခဲ့ပါဘူး။

Messenger ဟာ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ တော်တော်အသုံးဝင်တဲ့ app ဖြစ်ပေမယ့်၊ ကိုယ့်စိတ်ကြိုက် log out လုပ်လို့မရတာကတော့ တော်တော်ဆိုးတယ်ပြောရမှာပါ။ ဒါတောင် မကြာသေးခင်ကမှ Messenger ထဲမှာ အကောင့်ပြောင်းသုံးနိုင်တဲ့ဖန်ရှင်ကို လူတွေတောင်းဆိုကြလွန်းလို့ Facebook က ထည့်ပေးခဲ့တာဖြစ်ပါတယ်။

ဒါဆို Messenger ကနေ အကြောင်းကိစ္စတစ်ခုခုကြောင့် Log out လုပ်ချင်ရင် ဘယ်လိုလုပ်မလဲ။ ဟုတ်ကဲ့။ လွယ်ပါတယ်။

(၁) ပထမဦးဆုံး Android ဖုန်းရဲ့ Settings ထဲသွားပါ။

(၂) ဖုန်း Settings ထဲက Apps ဒါမှမဟုတ် Application Mananger ထဲ ၀င်ပါ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး ဒီနေရာမှာကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ‘Applications’ လို့ ရေးထားတတ်ကြပါတယ်

650x407x04_touching_apps.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.qZlNv891lk

(၃) အောက်ကို scroll ဆွဲချပြီး Messenger app ကို ရှာပါ။

650x407x05_touching_messenger.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.PXcyWYNN_Y

(၄) Messenger app မှာ နှိပ်ပြီး ‘Clear Data’ နှိပ်ပေးလိုက်ပါ။

650x407x06a_delete_app_data_dialog.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.T6kmMXFHf2

 

ဒီအဆင့်တွေ အကုန်ပြီးသွားလို့၊ သင့်ဖုန်းထဲက Messenger app ထဲ ပြန်ဝင်လိုက်ရင်၊ App အစ နေရာကို ပြန်ရောက်သွားမှာဖြစ်ပြီး၊ Log out အလိုလိုလုပ်ပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ Messenger ထဲ ပြန်ဝင်ချင်ရင်လည်း ကိုယ်လက်ရှိ Facebook app မှာ ၀င်ထားတဲ့အကောင့်အတိုင်း ပေါ်နေတာတွေ့ရပါလိမ့်မယ်။

650x407x07_welcome_to_messenger_screen.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.wSOCwvFiAr

တကယ်လို့ Messenger ထဲ ပြန်ဝင်လိုက်ရင်၊ ကိုယ့်နာမည်တောင်မပေါ်နေစေချင်ဘဲ၊ လုံးဝ log out လုပ်ချင်တယ်ဆိုရင်တော့၊ ကိုယ့်ဖုန်းထဲက Facebook app မှာပါ အကောင့်ကို Log out လုပ်ပေးထားဖို့ လိုပါတယ်။

650x407x08_sign_in_to_facebook.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.W7gxHN9Ta1

လက်ရှိမှာ Messenger အက်ပလီကေးရှင်းထဲကနေ log out လုပ်ချင်ရင်၊ ဒီတစ်နည်းပဲ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပြီး၊ ဒီထက် ပိုမြန်ဆန်လွယ်ကူချင်ရင်တော့ Facebook အနေနဲ့ Messenger မှာ log out ခလုတ်ကို ထည့်သွင်းပေးဖို့ မျှော်လင့်ရုံပဲရှိပါတယ်။

Ref: Android Pit

 

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category