133 Shares 28 Views

6GB RAM ပါတဲ့ Oppo F3 Plus ကို ရောင်းချ

Nov 14, 2017
133 28

Oppo က 4GB RAM ပါတဲ့ F3 Plus ကို ရောင်းချပေးထားပါတယ်။ အခုတော့ 6GB RAM ပါတဲ့ မော်ဒယ်ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ Internal Storage ကတော့ မူလ မော်ဒယ်အတိုင်းပဲ 64GB ဖြစ်ပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ အဲဒီမော်ဒယ်အသစ်ကို Flipkart ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရူပီး ၂၃ ၀၀၀ သတ်မှတ်ထားပြီး ယခုလ ၁၆ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

OPPO ၏ F3 plus တွင် အကောင်းမွန်ဆုံးသော Selfie ပုံများကို ရိုက်ကူးနိုင်မည့် 16 Megapixel အရည်အသွေး ရှိသော အရှေ့ကင်မရာ ပါဝင်လာမည့်အပြင် Group Selfie ရိုက်ကူးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် ၁၂၀ ဒီဂရီ Wide Angel Lens တပ်ဆင်ထားသည့် ကင်မရာကိုပါ ထည့်သွင်းထားသည်။ F3 Plus ၏ အနောက်ကင်မရာသည် Sony နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် IMX398 sensor တပ်ဆင်ထားခြင်းကြောင့် လုပ်ငန်းသုံးကင်မရာများကဲ့သို့ အရည်အသွေးမြင့်မားသော ဓါတ်ပုံများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။

ယခု OPPO ၏ F3 PLus သည် နည်းပညာကို ဦးစားပေးလာသည့် ယနေ့ခတ်ကမ္ဘာကြီးအတွက် အမှန်တကယ်လိုအပ်နေသော စွမ်းဆောင်ရည် ကောင်းမွန်ပြီး တာရှည်ခံစိတ်ချရသည့် လှပဆန်းသစ်သော နည်းပညာမြင့် ဖုန်းတစ်လုံး ဖြစ်သည်။

ref : gsmarena

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category