325 Shares 190 Views

iPhone X အချို့မှာ Earphone ပြဿနာ ဖြစ်ပွားနေ

Nov 14, 2017
325 190

Apple က iPhone 8 ရဲ့ အသံအက်ကွဲခြင်းကို ပြင်ဆင်ပေးတဲ့ iOS 11.0.2 Update ကို အောက်တိုဘာလမှာ ဖြန့်ချီပေးခဲ့ပါတယ်။ အခုတော့ iPhone X မှာလည်း အလားတူ ပြဿနာ ဖြစ်ပွားနေပါတယ်။ iPhone X Users များက နားကြပ်ဖြင့် ဖုန်းပြောခြင်း၊ ဗီဒီယို ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ ပြုလုပ်တဲ့အခါမှာ အသံအက်ကွဲတဲ့ ပြဿနာ ဖြစ်ပွားနေတယ်လို့ ပြောကြပါတယ်။

iPhone X ပိုင်ရှင်တစ်ယောက်က အသံကို အမြင့်ဆုံး မြှင့်ထားတဲ့အခါမှာ အသံအက်ကွဲမှု ဖြစ်ပွားတယ်လို့ ပြောပါတယ်။ သီချင်းများဖွင့်ခြင်း၊ Ringtone အသံ များမှာလည်း အသံအက်ကွဲမှု ဖြစ်ပွားတယ်လို့ သိရပါတယ်။

ယခု ပြဿနာများဟာ အသံကို မြင့်မားစွာ ဖွင့်ထားတဲ့ အခြေအနေများမှာသာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာဟာ Hardware သို့မဟုတ် Software ကြောင့် ဖြစ်နိုင်ပါတယ်။ iPhone X Configurations များနဲ့ iOS Versions များကြောင့် မဟုတ်ပါဘူး။

iPhone X ရဲ့ နားကြပ်အပေါက်ဟာ စပီကာလိုပါ အလုပ်လုပ်ပေးပါတယ်။ ဖုန်းအောက်ခြေမှ စပီကာနဲ့ ပေါင်းစပ်၍ သူက အသံများကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ Apple ကတော့ ယခုပြဿနာကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။ iPhone X အချို့ရဲ့ စကရင်မှာ အစိမ်းရောင်မျဉ်းကြောင်း ပေါ်တဲ့ ပြဿနာများလည်း ယခင်က ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ref : gsmarena , macrumors

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category