119 Shares 34 Views

Broadcom ၀ယ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ပြုလုပ်နေတဲ့ Qualcomm

Nov 14, 2017
119 34

Qualcomm ရဲ့ကုမ္ပဏီ အတွင်းပိုင်းကလာတဲ့ သတင်းရင်းမြစ်တွေအရ Qualcomm ရဲ့ဘုတ်အဖွဲ့ဝင်တွေဟာ Broadcom ရဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ တရားဝင် သတင်းထုတ်ပြန်ချက် မပြုလုပ်ရသေးပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ်းလှမ်းချက်နဲ့ ပတ်သတ်ပြီး အပြီးသတ် ဆွေးနွေးတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးသွားပြီလို့ သိရပါတယ်။

Broadcom ရဲ့ကမ်းလှမ်းမှုမှာ Qualcomm ရဲ့ ရှယ်ယာတစ်ခုလျှင် ဒေါ်လာ ၇၀ မှ ၈၀ အတွင်း သတ်မှတ်ကာ ကမ်းလှမ်းလာတာဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၁၀၃.၂ ဘီလီယံရှိလာပါမယ်။ (သဘောတူညီချက် ဖြစ်ခဲ့မယ်ဆိုရင် အကြွေး ၂၅ဘီလီယံဖိုး ပါဝင်မည်ဖြစ်သည်)။ Broadcom ဟာ Apple iPhone များ အစိတ်အပိုင်းများ အဓိကထား ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ Qualcomm ဟာ NXP Semiconductors ကိုလည်း ဒေါ်လာ ၃၈ ဘီလီယံဖြင့် ၀ယ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။ Broadcom အနေနဲ့လည်း Qualcomm အပြင် NXP Semiconductors ကိုလည်း ၀ယ်ယူလုပ်ဆောင်နေကြောင်း သိရပါတယ်။ သိုပေမယ့် NXP ရှယ်ယာရှင်တွေ ကလည်း ယခုကိစ္စအပေါ် တွန့်ဆုတ်နေကြပါတယ်။ ကုမ္ပဏီအနေနဲ့ Qualcomm သတ်မှတ်ပေးထားတဲ့ တန်ဘိုးထက် ပိုမိုလိုချင်နေတာကြောင့်လည်း ဖြစ်ပါတယ်။ Broadcom အနေနဲ့ သဘောတူညီချက်ကြောင့် ဖြစ်လာမယ့် ရလာဒ်တွေကို စိတ်မဝင်စားပဲ NXP မဟုတ်လည်း Qualcomm ကိုရအောင် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ပိုမိုအရေးကြီးတဲ့ အကြောင်းကတော့ Broadcom ရဲ့ CEO ဟာ Apple ရဲ့ iPhones၊ iPads တွေမှာ Qualcomm ရဲ့ Modems တွေအသုံးမပြုတော့ဘူးဆိုတဲ့ သဘောတူညီမှုကို ပြန်လည်ညှိနှိုင်းပေးဖို့ လည်း ပြင်ဆင်လျက်ရှိပါတယ်။ ၂ဦး၂ဘက် တရားအပြိုင်စွဲဆိုမှုတွေ ပြုလုပ်နေတာ ကြောင့်အဆင်ပြေသွားဖို့ မျှော်လင့်ချက်တွေ ရှိနေတယ်လို့ သူကဆိုပါတယ်။ ဘာကြောင့် လဲဆိုရင် Apple အနေနဲ့ ဝိုင်ဖိုင်ကွန်ရက်နဲ့ပတ်သတ်တဲ့ Chip တွေကို Broadcom ဆီကဝယ်ယူနေတာကြောင့်လည်း ဖြစ်ပါတယ်။

Source: gsmarena

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
248 shares80 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category