286 Shares 54 Views

Gionee S11 ရဲ့ပုံရိပ်များ ထွက်ပေါ်လာ

Nov 13, 2017
286 54

လွန်ခဲ့တဲ့ စက်တင်ဘာလက TENAA မှာ Gionee အနေနဲ့ S11 စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက် နိုင်စေဖို့အတွက် ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ GFXBench မှာလည်း ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ထုတ်ဖော်ခဲ့ပါသေးတယ်။ အခုတော့ S11 လို့သတ်မှတ်နိုင်တဲ့ ဖုန်းရဲ့ပုံရိပ်တွေနဲ့ အရောင်တွေ ထွက်ရှိလာပါပြီ။ ၆ လက်မရှိမယ့် FullView Display ကိုသုံးလာမှာဖြစ်ပြီး နောက်ကျောဘက်မှာ လည်း ကင်မရာ ၂ လုံးတပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာလည်း ကင်မရာ ၂ လုံးနဲ့အတူ အခြားပိုတဲ့အချက်အ လက်တွေကို မြင်ရမှာပါ။

S11 ရဲ့ထွက်လာတဲ့ ပုံရိပ်မှာ အဓိကကင်မရာတွေမှာ မတူညီတဲ့ ဆင်ဆာလုပ်ဆောင်ချက်တွေ ထည့်သွင်းထား ပါလိမ့်မယ်။ ယခင်ပေါက်ကြားပြီးသား အချက်အလက်အတိုင်း 16 MP + 8 MP ၂ မျိုးကို ပေါင်းစပ်ပေးပါလိမ့် မယ်။ နောက်ကျောဘက်အရောင်တွေကိုတော့ ထင်ရှားစွာမြင်တွေ့ရပြီး အပြာရောင်၊ ရွေရောင်နဲ့ ပန်းရောင်တို့ ပဲဖြစ်ပါတယ်။ အရှေ့ဘက် အခြမ်းမှာတော့ ကင်မရာနဲ့ စပီကာကိုမျက်နှာပြင်ရဲ့ အပေါ်ဘက်အခြမ်းမှာ တွေ့ရပြီး လိုဂိုကိုတော့ အောက်ဘက်မှာရိုက်နှိပ်ထားပါတယ်။ ထွက်လာတဲ့ ပုံရိပ်မှာ ဖုန်းရဲ့နောက်ကျောနဲ့ ရှေ့ဘက်အခြမ်းတွေကို ထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်။

TENAA ရဲ့ဖော်ပြချက်မှာတော့ 2.5GHz Octa-core Chipset ကိုသုံထားမှာဖြစ်ပြီး 6GB RAM နဲ့ အချက်အလက် သိမ်းဆည်းနိုင်မှုမှာတော့ 64GB ပါဝင်လာမှာ ဖြစ်ပါတယ်။ TENAA ထပ်မံဖော်ထုတ်မှုအရ ကိုယ်ထည်ဟာ 155.8 x 72.6 x 6.95mm ရှိမှာဖြစ်ပြီး 178 ဂရမ်လေးပါလိမ့်မယ်။ ဘက်ထရီ စွမ်းအားပိုင်းမှာတော့ 3,600 mAh နဲ့ဖြစ်ပြီး Android 7.1.1 Nougat အခြေပြု OS စနစ်နဲ့သုံးနိုင်ပါလိမ်မယ်။ Gionee S11 ကို ကုမ္ပဏီ အနေနဲ့ နိုဝင်ဘာ ၂၆ရက်နေ့မှာ တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ပေးသွားဖို့ မျှော်လင့်ရပါတယ်။

Source: gsmarena

You may be interested

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
68 shares20 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Leave a Comment

Most from this category