503 Shares 192 Views

Samsung Galaxy A5 (2018) ရဲ့ သတင်းအချက်အလက်များထွက်ပေါ်လာ

Nov 13, 2017
503 192

2014 ခုနှစ် Galaxy Alpha စတင်မိတ်ဆက်စဉ် အချိန်တည်းက Samsung အနေနဲ့ နှစ်စဉ် Galaxy A စမတ် ဖုန်းတွေကို ရောင်းချလာတာဟာ အခု ၂၀၁၈ မှာလည်း ပြောင်းလဲဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Galaxy A5 (2018) နဲ့ Galaxy A7 (2018) အကြောင်း သတင်းစုံထွက်နေတာ အချိန်အတော် ကြာခဲ့ပါပြီ။ Samsung SM-A530 လို့သတ်မှတ်ထားပြီး Galaxy ဖုန်းတွေအကြောင်း ဖော်ပြပေးနေတဲ့ စာမျက်နှာ ကနေ ပိုမိုတဲ့အချက်အလက်တွေကို ဖော်ပြပေးထားပါတယ်။

Samsung ရဲ့ယခင်ထွက်ခဲ့တဲ့ မျိုဆက်ဟောင်း ဖုန်းတွေနဲ့ သိပ်မကွဲပြားတဲ့ မော်ဒယ်နံပါတ် ကို ပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် SM-A520 (A5 2017)၊ SM-A510 (A5 2016) နဲ့ SM-A500 (မူလA5) သတ်မှတ်ထားခဲ့ ပြီး အခု ၂၀၁၈ မှာ ထွက်လာမယ့် ဖုန်းကိုတော့ SM-A530 လို့ပေးထားလို့ပါ။ ကံမကောင်းစွာပဲ SM-A530 ရဲ့စာမျက်နှာမှာ အသစ်ထွက်မယ့်ဖုန်းနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ဘာမှဖော်ပြ မပေးထားပါဘူး။ အသစ်ထွက်လာမယ့် ဖုန်းရဲ့မော်ဒယ်နံပါတ်ကိုသာ ထုတ်ပြန်ပေးခဲ့တာပါ။

သို့ပေမယ့် ယခင်ထွက်ရှိထားတဲ့ ကောလာဟလတွေပေါ် မူတည်ပြီးတော့ အသစ်ထွက်လာမယ့် Galaxy A5 မှာ 1080 x 2160 pixel နဲ့အတူ 5.5-inch Display ကိုသုံးထားပြီး ပါးလွှာတဲ့ အနားသတ်ဘောင်လေးတွေ ပါဝင်လာမှာပါ။ အသစ်ထွက်မယ့် A5 ဟာကြည့်ကောင်းတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပြီး နောက်ကျောဘက်မှာ လက်ဗွေစနစ် ကိုထည့်သွင်းပေးထားပါလိမ့်မယ်။ Galaxy A5 (2018) မှာစွမ်းအားပိုင်း အနေနဲ့ Samsung Exynos 7885 ကိုသုံးလာနိုင်ပြီး 4 GB of RAM ၊ရေစိုဒဏ်ခံနိုင်စွမ်း၊ Android 8 Oreo တပါတည်းထည့်သွင်းပေးထား ပါလိမ့်မယ်။ ၂၀၁၈ခုနှစ်အစောပိုင်းမှာ မိတ်ဆက်သွားနိုင်ပြီး သူ့ရဲ့နောက်မှာတော့ Galaxy A7 (2018) နဲ့ Galaxy A3 တို့ထွက်ပေါ်လာနိုင်ခြေရှိပါတယ်။

Source : phonearena.

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category