114 Shares 18 Views

Tesla က အီလက်ထရစ် ထရပ်ကားကို ယခုလ ၁၆ ရက်နေ့မှာ ပြသမည်

Nov 13, 2017
114 18

Tesla က အီလက်ထရစ် ထရပ်ကားကို ယခုလ ၁၆ ရက်နေ့မှာ ပြသမယ်လို့ ကြေညာလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ Tesla က အောက်တိုဘာလကုန်မှာ အီလက်ထရစ် ထရပ်ကားကို ပြသဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှသာ ပြသမယ့် နေ့ကို နိုဝင်ဘာလကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ပါတယ်။

Daimler ကလည်း တစ်ခါ အားသွင်းထားရင် ၂၂၀ မိုင် မောင်းနှင်နိုင်တဲ့ အီလက်ထရစ် ထရပ်ကားကို ပြသခဲ့ပါတယ်။ Tesla ရဲ့ ထရပ်ကားဟာ တစ်ခါအားသွင်းထားရင် မိုင် ၂၀၀ ကနေ မိုင် ၃၀၀ အထိ မောင်းနှင်နိုင်ပါတယ်။

Tesla ရဲ့ စီအီးအို ဖြစ်သူ Elon Musk က အီလက်ထရစ် ထရပ်ကားအတွက် အစိတ်အပိုင်း ထောက်ပံ့သူများနဲ့ ပူးပေါင်း၍ အထူး ဒီဇိုင်း ထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ကုန်ပစ္စည်းများကို ဝေးလံတဲ့ ခရီးသို့ ပို့ဆောင်ပေးနေတဲ့ ကုမ္ပဏီများအတွက် အီလက်ထရစ် ထရပ်ကားကို ရည်ရွယ် တည်ဆောက်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာ သူ့ရဲ့ ထရပ်ကားဟာ ခရီးတိုနဲ့ ခရီးလတ်များအတွက်သာ အသုံးပြုလို့ရပါသေးတယ်။ မြို့တစ်မြို့ကနေ တစ်မြို့၊ မြို့ကနေ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ သယ်ဆောင်ဖို့အတွက်တော့ အသုံးပြုလို့ရပါတယ်။

အီလက်ထရစ် ထရပ်ကားများဟာ လောင်စာဆီသုံး ထရပ်ကားများထက်လည်း သယ်ယူပို့ဆောင်ရေးမှာ ပိုမို စားရိတ် သက်သာစေပါတယ်။ Tesla ရဲ့ ထရပ်ကားများမှာ မောင်းသူမဲ့ နည်းပညာလည်း ပါရှိပါတယ်။ အမေရိကန်မှာ အဲဒီကားများကို စမ်းသပ်ဖို့ ကုမ္ပဏီက လုပ်ဆောင်နေပါတယ်။

ref : techcrunch

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Leave a Comment

Most from this category