247 Shares 178 Views

အမေရိကန်မှာ မောင်းသူမဲ့ ထရပ်ကားများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပြီ

Nov 13, 2017
247 178

အမေရိကန် ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားမှာ မောင်းသူမဲ့ ထရပ်ကားများဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနေပါပြီ။ အောက်တိုဘာလ အစောပိုင်းကစပြီး Embark က တည်ဆောက်ထားတဲ့ မောင်းသူမဲ့ ကားများဟာ ရေခဲသေတ္တာများကို တက္ကဆက် ဂိုဒေါင်ကနေ ၆၅၀ မိုင်ကွာဝေးတဲ့ ကယ်လီဖိုးနီးယားအထိ သယ်ဆောင်ပေးနေကြပါတယ်။

လက်ရှိမှာတော့ လူ ယာဉ်မောင်းတစ်ဦးက လိုက်ပါ စောင့်ကြည့်နေပေမယ့် အနာဂတ်မှာတော့ လူလုံးဝ လိုက်ပါမှာ မဟုတ်တော့ပါဘူး။ “ ဒါဟာ မောင်းသူမဲ့ ထရပ်ကားများဖြင့် ပထမဆုံး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးမှု ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု နယ်ပယ်မှာ မောင်းသူမဲ့ ကားများဟာ အရေးပါလာမယ်ဆိုတာ ဒါက သက်သေပြနေပါတယ်။ “ လို့ Embark ရဲ့ စီအီးအို ဖြစ်သူ Alex Rodrigues က ပြောပါတယ်။

Embark က မောင်းသူမဲ့ ထရပ်ကားများဟာ မောင်းသူမဲ့ ကိုယ်ပိုင်ကားများထက်တောင် ပိုမို အသုံးဝင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကားထုတ်လုပ်တဲ့ နယ်ပယ်မှာ နာမည်ကြီးများ ဖြစ်တဲ့ Volvo နဲ့ Daimler တို့ဟာလည်း မောင်းသူမဲ့ ထရပ်ကားများကို တီထွင်နေကြပါတယ်။

Tesla နဲ့ Google ရဲ့ Waymo တို့ကလည်း မောင်းသူမဲ့ နည်းပညာကို ထရပ်ကားများမှာ ထည့်သွင်းဖို့ ဖန်တီးနေကြပါတယ်။ Uber ရဲ့ မောင်းသူမဲ့ ထရပ်ကားများဟာ ကော်လိုရာဒိုမှာ ဘီယာများ ပို့ဆောင်ပေးနေပါတယ်။

ref : wired

You may be interested

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

Ko Thuya - Jun 21, 2018

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်

Nwe Oo - Jun 21, 2018

[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…

Leave a Comment

Most from this category