1090 Shares 327 Views

iPhone X ရဲ့ FaceID ကို Mask တပ်ပြီး လှည့်စားပြလိုက်တဲ့ Bkav

Nov 13, 2017
1090 327

Apple ဟာ iPhone X နဲ့အတူ Face ID လုံခြုံရေး စနစ်ကိုပါ တပြိုင်တည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Face ID ရဲ့စနစ်တွေ အကြောင်းပြောတဲ့အခါမှာ ဟောလိဝုဒ်အရည်အသွေး မျက်နှာဖုံးနဲ့ အသုံးပြုရင် ပွင့်နိုင်လား ဆိုတဲ့အပေါ် ဖြေရှင်းချက်မပေးခဲ့ပါဘူး။ Bkav လို့ ခေါ်တဲ့ လုံခြုံရေးကုမ္ပဏီမှ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဒုဥက္ကဌဖြစ်သူ အန်းဟာ FaceID နည်းပညာကို လှည့်စားဖို့ 3D ပရင့်တင်းနည်းပညာသုံးပြီး မျက်နှာမော်ဒယ်ပုံစံတူတစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီမျက်နှာမော်ဒယ်မှာ လူရဲ့ အရေပြားတစ်ခုကို တပ်ဆင်ထားပါတယ်။ ကျန်တဲ့ မျက်လုံးလိုမျိုး အစိတ်အပိုင်းတွေကတော့ တကယ့်ကို 2D ပုံသက်သက်ပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ iPhone X ရှေ့ မှာ ဘာမှ မပါဘဲ ဖုန်းဖွင့်ကြည့်ရာမှာ လော့ခ်မပွင့်ဘဲ Passcode တက်လာခဲ့ပါတယ်။ ဒီနောက် မျက်နှာဖုံးအတုနဲ့ iPhone X ကို လော့ဖွင့်ကြည့်ရာမှာ ပထမဆုံးတစ်ကြိမ်မှာပဲ ဖုန်းပွင့်သွားပါတယ်။ iPhone X ရဲ့ FaceID ကို Mask အတုနဲ့ လှည့်စားဖို့ ဆို ဒီ FaceID ရဲ့ AI အလုပ်လုပ်ပုံကို နားလည်ရင် ဖြစ်တယ်လို့ Bkav မှ ဆိုပါတယ်။

ယခု FaceID ကို လှည့်စားသွားခဲ့တဲ့ မျက်နှာဖုံးမှာဆို ဆီလီကွန်နဲ့ ပုံစံထုတ်ထားတဲ့ မျက်လုံး ၊ မျက်ခုံး ၊ နှာခေါင်းနဲ့ ပါးစပ်ပေါက်ပဲ ပါပြီး ဒီ Mask အတွက် ကုန်ကျစရိတ်ဟာ အားလုံးပေါင်းမှ ဒေါ်လာ ၁၅၀ ပဲ ကုန်ကျခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ နိုဝင်ဘာ ၅ ရက်နေ့က ဒီလုပ်ငန်းကို စတင်နေပြီလို့ ကြေငြာခဲ့တာကြောင့် စုစုပေါင်းကြာချိန်ဟာ ၅ ရက်ဝန်းကျင်သာ ရှိခဲ့ပါတယ်။

Apple ကိုယ်တိုင်ကတော့ သူ့ ရဲ့ FaceID ကို Mask နဲ့ လှည့်စားလို့ မရဘူးလို့ ဆိုထားပေမယ့် အခုတော့ ဖုန်းပိုင်ရှင်ရဲ့ မျက်နှာအတုနဲ့ ဖွင့်နိုင်ပြီ ဖြစ်လို့ iPhone X ရဲ့ FaceID ဟာ Apple ပြောသလောက် စိတ်မချရဘူးလို့ အန်းက မှတ်ချက်ချသွားပါတယ်။

Source :engadget

You may be interested

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

Ko Thuya - Jun 21, 2018

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်

Nwe Oo - Jun 21, 2018

[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…

Leave a Comment

Most from this category