0 Shares 26 Views

Singles Day အွန်လိုင်းဈေးရောင်းပွဲတော်မှာ အလီဘာဘာတွင် ဒေါ်လာ ၂၅ ဘီလီယမ်ဖိုး ၀ယ်ယူခဲ့တဲ့ တရုတ်လူမျိုးများ

Nov 13, 2017
0 26

ယခုနှစ်တရုတ်တွင် ကျင်းပတဲ့ Singles Day အွန်လိုင်းဈေးရောင်းပွဲတော်မှာ တရုတ်လူမျိုးများဟာ အလီဘာဘာတွင် ၂၄ နာရီအတွင်း ဒေါ်လာ ၂၅ ဘီလီယမ်ဖိုး ၀ယ်ယူခဲ့ပါတယ်။ Singles Day ကို အလီဘာဘာက ကျင်းပခဲ့တာ ၈ နှစ်ရှိပြီဖြစ်ပါတယ်။ အလီဘာဘာ ဟာ Amazon ရဲ့ အကြီးမားဆုံး ပြိုင်ဖက်လည်း ဖြစ်ပါတယ်။

Singles Day ဟာ Valentine’s Day ကို ဆန့်ကျင်တဲ့အနေနဲ့ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ချစ်သူ ရည်းစား မရှိသူများ ဈေးဝယ်ခြင်းဖြင့် ပျော်ရွှင်ရအောင် ကျင်းပပေးခြင်း ဖြစ်ပါတယ်။ Singles Day ကို နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပပါတယ်။ ဒီနှစ်မှာလည်း အထူးလျှော့ဈေးများဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဖျော်ဖြေပွဲများကိုလည်း ကျင်းပပေးပြီး ဒီနှစ်မှာ Nicole Kidman နဲ့ Pharrell Williams တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ်မှာ တရုတ်လူမျိုးများဟာ ဒေါ်လာ ၂၅.၃ ဘီလီယမ် ( ၁၆၈.၂ ဘီလီယမ် ယွမ် ) ဖိုး ၀ယ်ယူခဲ့ကြပြီး ယခင်နှစ် ၁၇.၈ ဘီလီယမ်ထက် ၄၀ ရာခိုင်နှုန်း ပိုမို တိုးတက်လာခဲ့ပါတယ်။ ငွေလွှဲမှုပေါင်း ၁.၄၈ ဘီလီယမ် အကြိမ် ပြုလုပ်ခဲ့ကြပြီး တစ်စက္ကန့်လျှင် ငွေလွှဲမှု ၂၅၆ ၀၀၀ ရှိခဲ့ပါတယ်။

အမေရိကန်မှာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ Black Friday နဲ့ Cyber Monday အွန်လိုင်းဈေးရောင်းပွဲတော်များမှာ ဒေါ်လာ ၆.၇၉ ဘီလီယမ်ဖိုးသာ ရောင်းချခဲ့ရပါတယ်။

ref : mashable

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category