0 Shares 21 Views

Android 6.0 Marshmallow စနစ် ထည့်သွင်းထားတဲ့ Huawei ရဲ့ Mate 8

Jan 06, 2016
0 21

Mate 8 1

 

တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး ဖြစ်ပေမယ့် ၂၀၁၆ ခုနှစ် CES ပွဲတော်မှာမှ Huawei ဟာ Mate 8 စမတ်ဖုန်း ကို မိတ်ဆက်ပြလိုက်ပြီး အမေရိကန်ပြည်ထောင်စုမှ အပ အခြား ကမ္ဘာတစ်ဝှမ်းက နိုင်ငံအားလုံးကို ဖြန့်ချီတော့မယ်လို့ သိရပါတယ်။ Mate 8 ဟာ Samsung ရဲ့ Galaxy Note 5 နဲ့ LG ရဲ့ V10 တို့ လောက်တော့ ပြီးပြည့်စုံမှု မရှိပါဘူး။ ဒါပေမယ့် ဈေးနှုန်းကတော့ အဲဒီဖုန်းတွေထက် သက်သာ ပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိရောင်းချနေတဲ့ ဈေးနှုန်းအရဆိုရင်တော့ Mate 8 ဟာ ဒေါ်လာ ၆၀၀ ခန့် ဈေးနှုန်း ကျသင့်မှာဖြစ်ပါတယ်။

Huawei Mate 8 ဟာ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဖုန်းနောက်ကျောမှာလည်း လက်ဗွေရာ နဲ့ Unlock ပြုလုပ်ရတဲ့ Finger Print reader ပါဝင်ပါတယ်။ CPU အနေနဲ့ Quad-core 2.3 GHz Cortex-A72 ကိုသုံးထားပြီး GPU အနေနဲ့ကတော့ Mali-T880 MP4 ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ကတော့ Storage ပမာဏပေါ်မူတည်ပြီးကွဲပြားမှုရှိပါတယ်။ 32GB Storage ပမာဏ ရှိတဲ့ဗားရှင်းမှာ RAM 3GB ပါဝင်ပြီး 64(သို့)128GB Storage ပမာဏရှိတဲ့ဗားရှင်းမှာတော့ RAM 4GB ပါဝင်ပါတယ်။

ဒါ့အပြင် Huawei ဟာ Kirin ဆိုတဲ့အမှတ်တံဆိပ်နဲ့ Chipset တွေထုတ်လုပ်လျက်ရှိတာကြောင့် Mate 8 မှာလည်း သူတို့ထုတ်လုပ်တဲ့ HiSilicon Kirin 950 Chipset ကို ထည့်သွင်းအသုံးပြုထားပါတယ်။ App အသုံးပြုမှုတိုင်းအတွက်တော့ ဒီ Platform ဟာ ကြန့်ကြာမှုတွေ မရှိအောင် လုပ်ဆောင်ပေးနိုင်မှာပါ။ အလေးချိန်အားဖြင့် ၁၈၅ ဂရမ် လေးပြီး အလျား ၆.၁၉ လက်မ ၊ အနံ ၃.၁၇ လက်မ နဲ့ အမြင့် ၀.၃၁ လက်မ ရှိပါတဲ့ Mate 8 ဟာ SIM ကတ် ၂ ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual-SIM အမျိုးအစားဖြစ်ပါတယ်။ SIM Card တစ်ကတ်တည်း အသုံးပြုတဲ့ အခါမှာလည်း ကျန် Slot တစ်ခုကို MicroSD ကတ်ထည့်သွင်းနိုင်ပြီး 128GB အထိ Support ပေးနိုင်ပါတယ်။ ကျန်တဲ့ လုပ်ဆောင်ချက် တွေအားလုံးကတော့ အခြား အရည်အသွေးမြင့် ဖုန်းတွေတိုင်းနဲ့ တူညီမှုရှိပါတယ်။

 

Mate 8 2

 

အားသာချက်များ

ကင်မရာ အနေနဲ့ကတော့ 16 Megapixel အထိ ပုံထွက်ကောင်းမွန်မယ့် အနောက်ကင်မရာနဲ့ 5 Megapixel ရှိတဲ့ အရှေ့ ကင်မရာတို့ကို ထည့်သွင်းထားတာပါ။ ကင်မရာ အရည်အသွေးကတော့ အလင်းရောင် အနေအထားအမျိုးမျိုးမှာ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ အားနည်းချက်လုံးဝ မရှိတာမျိုးမဟုတ်ပေမယ့် အခြား အရည်အသွေးမြင့် စမတ်ဖုန်း တွေရဲ့ ကင်မရာတွေထက်တော့ ကောင်းမွန်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဆယ်လ်ဖီ ရိုက်ကူးမှုတွေအတွက်လည်း Beauty Mode ကိုထည့်သွင်းပေးထားတာကြောင့် ရိုက်ကူးလိုက်တဲ့ဓါတ်ပုံတိုင်းကို လှပနေအောင် ရွေးချယ်ခွင့်ရရှိမှာပါ။

နောက်ထပ်အားသာချက်ကတော့ Google ရဲ့ နောက်ဆုံးထုတ် မိုဘိုင်းလ်စနစ်ဖြစ်တဲ့ Android 6.0 Marshmallow ကို ဖုန်း ၀ယ်လိုက်ကတည်းက အသုံးပြုလို့ရနိုင်တာပါပဲ။ Marshmallow ဟာ ဖုန်းတိုင်းမှာ ထည့်သွင်းလို့မရနိုင်သေးပဲ သတ်မှတ်ထားတဲ့ ဖုန်းတွေမှာပဲ ထည့်သွင်း အသုံးပြုခွင့်ပေးထားတာပါ။ Marshmallow စနစ် ရဲ့ လုပ်ဆောင်ချက်အသစ်တွေဖြစ်တဲ့ အလိုလျောက် ဘက်ထရီ ချွေတာပေးတဲ့ ဆော့ဖ်ဝဲ Doze နဲ့ home ခလုတ်ကို နှိပ်တာနဲ့ ရွေးချယ်ခွင့် တွေ ပိုမို ရရှိနိုင်မယ့် Now on Tap လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ဘယ် app ကိုပဲသုံးနေသုံးနေ အသံက တဆင့် Google ကို ရှာဖွေခိုင်းနိုင်တဲ့ “Ok,Google” လုပ်ဆောင်ချက်ကိုလည်း Mate 8 မှာ အသုံးပြုနိုင်မှာပါ။

 

Mate 8 4

 

အားနည်းချက်များ

ပြောရမယ်ဆိုရင်တော့ Mate 8 ရဲ့  အရွယ်အစားဟာ ကြီးမားလွန်းပါတယ်။ဒါပေမယ့် ဒီဟန်းဆက် ဟာ ကျယ်ပြန့်လွန်းတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ ဖုန်းကို ထိန်းချုပ်နိုင်မယ့် Setting တစ်မျိုးကိုလည်း ထည့်သွင်းပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆ လက်မ ကျယ်ပြန့်ပါတယ်။ 1920×1080 pixel ကြည်လင်ပြတ်သားမှု ရှိတဲ့ မျက်နှာပြင်ပြသမှုဟာ အခြား စမတ်ဖုန်းတွေထက်စာရင်တော့ Brightness ပမာဏ နည်းပါးနေတဲ့အတွက် ပြသမှုတိုင်းဟာ အနည်းငယ် မှိန်ပြပြ ဖြစ်နေတာကို တွေ့ရပါတယ်။

Mate 8 ရဲ့ အသိသာဆုံး အားနည်းချက်ကတော့ ဘက်ထရီပါပဲ။ 4000 mAh Li-Po ဘက်ထရီကို အသုံးပြုထားတဲ့ Mate 8 ဟာ ပျမ်းမျှအားဖြင့် ဗီဒီယို ကြည့်ရှုဖို့အတွက် ၁၅.၆ နာရီကြာ အသုံးခံပါတယ်။ ယနေ့ခေတ်နေ့စဉ်ဘ၀မှာတော့ Mate 8 ရဲ့ ဘက်ထရီ သက်တမ်းဟာ သုံးစွဲဖို့ မလုံလောက်နိုင်ပါဘူး။ ဘက်ထရီ မလုံလောက်တဲ့အတွက် Settings ထဲဝင်ပြီး ဖုန်းရဲ့ Power-Saving စနစ်ကို ဖွင့်လိုက်တာနဲ့ပဲ နဂိုကတည်းက တောက်ပမှု အားနည်းတဲ့ မျက်နှာပြင် ရဲ့ ပြသမှုတွေဟာ ပိုမို မှေးမှိန်သွားစေပါလိမ့်မယ်။

အရောင် အနေနဲ့ကတော့ ရွှေရောင် ၊ ငွေရောင် ၊ မီးခိုးရောင် နဲ့ အညိုရောင် တို့ကို ရွေးချယ်ခွင့်ရမှာပါ။

 

Mate 8 3

 

Ref : CNet

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category