15 Shares 33 Views

Dual ကင်မရာတပ်ဆင်ထားမယ့် Infinix Zero 5 စမတ်ဖုန်းသစ်

Nov 13, 2017
15 33

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Transsion Holdings ဟာ Dual Camera စနစ်နဲ့ Full- View Display သုံးထားတဲ့ စမတ်ဖုန်းသစ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ဒူဘိုင်းမှာ မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။Infinix Zero 5 လို့ နာမည်ပေးထားတဲ့ ဒီစမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး ဘေးဘောင်ပါး Display နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအချိုးအစားအနေနဲ့ 18:9 Aspect Ratio သုံးထားပြီး Display ကို အပွန်းအစင်းမထင်အောင် Corning Gorilla Glass မှန်နဲ့ အုပ်သွားမှာ ဖြစ်ပါတယ်။ သတ္ထုနဲ့ မှန်စပ် ကိုယ်ထည်နဲ့ ထွက်လာတဲ့ ဒီဖုန်းဟာ ရေစိုခြင်းနဲ့ ဖုန်တင်ခြင်းဒဏ်ကို IP68 Rating အထိ ခံနိုင်ရည်ရှိမယ်လို့ သိရပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကို မသိရသေးပေမယ့် RAM 6GB နဲ့ Internal Storage 128GB အထိ သုံးသွားမယ်ဆိုတာ သေချာသလောက် ရှိနေပါတယ်။ ကင်မရာပိုင်းမှာ 2x Optical Zoom ဆွဲရိုက်နိုင်တဲ့ Dual Camera စနစ်ဖြစ်ပြီး ဓါတ်ပုံပညာပိုင်းမှာ အဆင့်မြင့်ရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ ဒါအပြင် Infinix Zero 5 ဟာ Fast Charging Support ပေးထားတာကြောင့် အမြန်အားသွင်းနိုင်တဲ့ နည်းပညာကို ဒီဖုန်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပရိုဆက်ဆာ အနေနဲ့ 10nm Chipset နည်းပညာသုံး Helio X30 Chipset သုံးသွားဖို့ ရှိနေပြီး ဘက်ထရီကတော့ 4350mAh ဘက်ထရီအကြီးစား သုံးသွားမယ်လို့ ဆိုပါတယ်။ Android 7.0 Nougat စနစ်သုံးထားတဲ့ Infinix Zero 5 ဟာ အရောင်အမျိုးမျိုးနဲ့ ထွက်လာမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ အများဆုံးမှ ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ယခုနှစ် သြဂုတ်လအတွင်းကလည်း အိန္ဒိယဈေးကွက် အတွက် Note 4 နဲ့ Hot 4 Pro ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ဘူးပါတယ်။

Source: Gizbot

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category