0 Shares 131 Views

အားအမြန်သွင်းနည်းပညာပါဝင်ပြီး၊ Macbook တွေကိုပါ အားသွင်းနိုင်တဲ့ Mi Power Bank Pro ကို Xiaomi စတင်ဖြန့်ချိ

Mar 09, 2016
0 131

အာရှဈေးကွက်တင်မကဘဲ၊ ကမ္ဘာ့ဈေးကွက်မှာပါ နာမည်ရလာတဲ့ Xiaomi ကုမ္ပဏီဟာ USB-Type C အပေါက် ပါဝင်တဲ့ Power Bank အမျိုးအစားအသစ်တစ်မျိုးကို တရုတ်နိုင်ငံမှာ ထပ်မံဖြန့်ချိလိုက်ပြန်ပါတယ်။

Mi Power Bank Pro ဟာဈေးနှုန်းအားဖြင့်၊ ၁၄၉ ယွမ် (မြန်မာငွေ ၂၇၀၀၀ ခန့်) သာရှိပြီး၊ တခြား Mi Power Bank တွေလိုပဲ၊ အလူမီနီယမ်ကိုယ်ထည်နဲ့ပဲ ဖြစ်ပါတယ်။ USB Type-C ခေါင်းပါဝင်တာကြောင့်၊ Apple Macbook တွေကော၊ Mi 5 ဖုန်းလို တခြား Type-C အပေါက်သုံး နောက်ဆုံးပေါ်နည်းပညာပစ္စည်းတွေကိုပါ ဒီ Power bank နဲ့ အားသွင်းနိုင်ပါတယ်။

ဘက်ထရီပမာဏ 10000mAh အထိ သိုလှောင်ထားနိုင်ပြီး၊ အပူချိန်ကာကွယ်မှု၊ reset ကာကွယ်မှုတွေအပြင်၊ အမေရိကန်ကုမ္ပဏီ Texas Insturements က ထုတ်လုပ်ပေးထားတဲ့ ဆားကစ်ကာကွယ်မှုနဲ့ ချစ်ကာကွယ်မှုအစိတ်အပိုင်းတွေ ပါဝင်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ အကြမ်းခံ Power Bank တစ်လုံးဖြစ်ပါတယ်။

USB Type-A ခေါင်းနဲ့၊ micro-USB ခေါင်း တစ်ဖက်စီပါဝင်တဲ့ ကေဘယ်ကြိုးတစ်ကြိုးလည်း ပါဝင်ပြီး၊ ဒီ Power Bank ရဲ့ ထူးခြားချက်ကတော့ two-way အားအမြန်သွင်းနည်းပညာကို အသုံးပြုထားတာကြောင့် Power Bank ထဲ အားသွင်းတာကော၊ Power Bank ကနေ ဖုန်းထဲ အားပြန်သွင်းတာမှာပါ သိသိသာသာမြန်ဆန်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ယခု Mi Power Bank Pro ဟာ Xiaomi ကုမ္ပဏီရဲ့ 10000mAh ဆံ့ တခြား power bank တွေနဲ့ယှဉ်ရင် ၄၂ ရာခိုင်နှုန်းလောက် ပိုပါးလျသွားပြီး၊ အလေးချိန်လည်း တော်တော်ပေါ့သွားပါတယ်။

Power Bank ကို ၁ နာရီ ၅၀ မိနစ်အတွင်းမှာ အားလုံးဝမရှိရာကနေ အားအပြည့်သွင်းနိုင်ပြီး၊ ယခု Power Bank နဲ့ iPhone 6 ကို အားအပြည့် ခြောက်ခါ၊ Mi Note ဖုန်းကို ၂.၅ ခါ၊ နဲ့ iPad Mini ကို အားအပြည့် ၁.၅ ခါ သွင်းနိုင်တယ်လို့ သိရပါတယ်။

Ref: Gadgets360

 

 

 

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
208 shares24 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
256 shares70 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
348 shares562 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category