0 Shares 133 Views

ပိုမိုရုပ်လုံးကြွတဲ့ဒီဇိုင်းအသစ်ပြင်ဆင်လာမယ့် Messenger Version အသစ်

Mar 08, 2016
0 133

Facebook နဲ့ Messenger ဆိုတာ ညီအကိုတွေလိုပါပဲ။ တစ်ခုနဲ့ တစ်ခုခွဲထားလို့မရပါဘူး။ အခုတော့ Messenger ဟာ ပိုမိုရုပ်လုံးကြွ အသက်ဝင်လာတဲ့ ဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားပြီး အသစ်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီထွက်ရှိလာမယ့် Version အသစ်နဲ့ ပတ်သက်ပြီး Messenger ရဲ့ခေါင်းဆောင် David Marcus က Twitter မှာ ပို့စ်တင်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Material Design ဟာ တနင်္လာနေ့ကစတင်ပြီးတော့ Android အသုံးပြုသူတွေထံ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဒီဇိုင်းအသစ်နဲ့ ပတ်သက်ပြီး Marcus က “ဒီဒီဇိုင်းအသစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သုံးစွဲသူသန်းရာပေါင်းများစွာ ဆီကိုရောက်ရှိလာစေမှာပါ။” လို့ပြောခဲ့ပါတယ်။ ဒီလိုပြောင်းလဲမယ့်ဒီဇိုင်းအထဲမှာ အိုင်ကွန်နဲ့ အန်နီမေးရှင်းအသစ်တွေပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Update လုပ်ပြီးသွားရင် သုံးစွဲသူတွေဟာ ချက်စလုပ်တာနဲ့ Floating ဖြစ်နေတဲ့ Button တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။

Messenger ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက သူတို့ရဲ့App မှာ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းမယ်လို့ ပြောကြားခဲ့ပြီး သုံးစွဲသူ သန်း၈၀၀ကို လှုပ်ခတ်စေခဲ့တာပါ။ လွန်ခဲ့တဲ့လက Facebook ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေက အသုံးပြုသူတွေကို လုပ်ဆောင်ချက်အသစ်အချို့ကို ချပြခဲ့ပါသေးတယ်။ Update တွေကို Android စနစ်သုံး ပစ္စည်းတွေမှာ စတင်ရရှိနိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က Messenger ဟာ Spotify နဲ့ ပူးပေါင်းပြီး သီချင်းတွေ မျှဝေနိုင်တဲ့ အစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့သေးတာလည်းဖြစ်ပါတယ်။

 

Ref: Gadgets360

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares12 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares31 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category