741 Shares 122 Views

Huawei က Apple ကို ကျော်တက်တော့မယ်လို့ သုတေသနစစ်တမ်းက ဖော်ပြ

Oct 24, 2017
741 122

တရုတ် ဈေးကွက် သုတေသန အဖွဲ့အစည်း IDC က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်မှာ Huawei ဟာ Apple ကို နောက်ကောက်ချနိုင်တော့မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီစာရင်းမှာ Samsung က နံပါတ်တစ်နဲ့ Apple က နံပါတ် နှစ်နေရာကို သိမ်းပိုက်ထားပါတယ်။

လာမယ့်တစ်နှစ်နဲ့ နှစ်နှစ်အတွံင်းမှာ Huawei က နံပါတ်နှစ်နေရာကို သိမ်းပိုက်တော့မယ်လို့ IDC က ဟောကိန်းထုတ်ထားပါတယ်။ ပညာရှင်များက လွန်ခဲ့တဲ့နှစ်များနဲ့ ယခုနှစ် ဒုတိယကွာတားရဲ့ စမတ်ဖုန်းရောင်းအားများကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ မကြာခင်က ကောက်ယူထားတဲ့ စစ်တမ်းအရ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၁၁.၃ ရာခိုင်နှုန်းကို Huawei နဲ့ ၁၂ ရာခိုင်နှုန်းကို Apple က ပိုင်ဆိုင်ထားပါတယ်။ ယခင်နှစ်မှာတော့ Huawei က ၉.၄ ရာခိုင်နှုန်းနဲ့ Apple က ၁၁.၉ ရာခိုင်နှုန်းကို ရရှိထားကြပါတယ်။

IDC ရဲ့ ဟောကိန်းဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ မကြာခင်က စစ်တမ်းတစ်ခုအရလည်း Huawei ဟာ Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာခဲ့ဖူးပါတယ်။ Apple ဟာ Mobile Operating System အပိုင်းမှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ Android OS ထက် လူကြိုက်နည်းလာတယ်လို့ သိရပါတယ်။

ref : androidheadlines

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category