258 Shares 117 Views

Xiaomi Redmi Note 4 နဲ့ Note 4X အတွက် Android One ROMs ထွက်ရှိ

Oct 24, 2017
258 117

Android One ROM ထည့်သွင်းထားတဲ့ Xiaomi Mi A1 ဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ Developer တစ်ဦးက Mi A1 ရဲ့ Android One ROM ကို Xiaomi Mi 5X အတွက် ဖန်တီးပေးခဲ့ပါတယ်။ အခုလည်း Xiaomi Redmi Note 4 နဲ့ Redmi Note 4X တို့အတွက် Android One 7.1.2 ROM ကို အသုံးပြု နိုင်ပါပြီ။

အဲဒီ ROM ကို XDA Developer ရဲ့ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ GLokin666 က ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီ ROM ဟာ Stable ဖြစ်လုနီးပါး အဆင့်သာရှိပါသေးတယ်။

အဓိက ဖြစ်ပွားနေတဲ့ ပြဿနာများကတော့ လက်ဗွေရာအာရုံခံကိရိယာနဲ့ Infrared Blasters တို့ အလုပ်မလုပ်ခြင်း ဖြစ်ပါတယ်။ Android One ROM ထည့်သွင်းပြီးနောက်မှာ Xiaomi Redmi Note 4 ရဲ့ ကင်မရာဟာ ကောင်းစွာ အလုပ်မလုပ်တော့တဲ့ ပြဿနာလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ ROM ကို အောက်ပါ လင့်ကနေ စမ်းသပ်အသုံးပြုနိုင်ပါတယ်။
https://www.xda-developers.com/android-one-rom-redmi-note-4-port/

Google က မကြာခင်က Android One Smartphones များဖြစ်တဲ့ Xiaomi Mi A1 နဲ့ Moto X4 တို့ကို မိတ်ဆက်ခဲ့ပါတယ်။ Android One Smartphone တစ်လုံးဖြစ်တဲ့ HTC U11 Life ကိုလည်း မကြာခင်မှာ မိတ်ဆက်ဖို့ ရှိနေပါတယ်။ Stock Android Smartphone များဟာ Android OS အသစ်ထွက်ရင် အစောဆုံးရရှိတဲ့ အားသာချက် ရှိနေပါတယ်။

ref : gsmarena, xda-developer

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
990 shares72 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
200 shares29 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
521 shares157 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category