256 Shares 97 Views

အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ရောင်းချပေးတော့မယ့် Vivo X20 Plus

Oct 24, 2017
256 97

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ Vivo X20 အား စတင်ရောင်းချပြီး ၁ လခန့်အကြာမှာတော့ Vivo X20 Plus အား စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဖုန်းအား Tmall, Sunning နှင့် JD တို့လို လက်လီ အွန်လိုင်းအရောင်းဆိုင်များ အပြင် Vivo ၏ တရားဝင် ဝက်ဆိုက်တွင်ပါ ကြိုတင်အမှာစာများ လက်ခံနေပြီဖြစ်ပါတယ်။

Vivo X20 Plus မှာ မျက်နှာပြင်အကျယ် ၆.၄၃ လက်မရှိပြီး 1080x2160px ရုပ်ထွက် ထောက်ပံ့ပေး နိုင်ပါတယ်။ မျက်နှာပြင်အချိုးကတော့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ အသုံးများလာတဲ့ Full View Display လို့သတ်မှတ်နိုင်တဲ့ 18:9 ratio ကို အသုံးပြုထားကာ ရုပ်ထွက်ကတော့ Super AMOLED မျက်နှာပြင် ဖြစ်ပါတယ်။ ပရိုဆက်တာကတော့ Snapdragon 660 chipset နှင့် 4GB of RAM ကို အသုံးပြုထားကာ ကင်မရာပိုင်းအတွက် 12MP + 5MP dual camera တို့ကို နောက်ကျောဘက် တွင် အသုံးပြုထားပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 64GB နဲ့ဖြစ်ပြီး SD Card အသုံးပြုပြီး 256 GB အထိရနိုင်ပါလိမ့်မယ်။

Vivo X20 Plus အား ကြိုက်နှစ်သက်ကြသူ အယောက် ၄၀၀ ထောင်ကျော်က လက်လီအွန်လိုင်းအရောင်းဆိုင် ဖြစ်သော JD ဝက်ဆိုက်တွင် မှတ်ပုံတင်များ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ Vivo X20 Plus ရဲ့ ဈေးနှုန်းမှာ တရုတ်ယွန်ငွေ 3,498 CNY (ဒေါ်လာ ၅၂၀) ကျော်ခန့် ရှိပြီး 64 GB ဗားရှင်းကို ရရှိမှာ ဖြစ်ပါတယ်။ အရောင်တွေက တော့ Black, Rose Gold နှင့် Gold သုံးမျိုးကို မှာယူနိုင်မယ် လို့ ဆိုပါတယ်။
Ref : ndtv.com

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category