701 Shares 207 Views

ပထမဆုံးရောင်းချမှုမှာ အလုံးရေ ၁ သိန်းမှတ်ပုံတင်မှုရရှိသွားနိုင်တဲ့ Nokia 7

Oct 23, 2017
701 207

HMD အနေနဲ့ပြီးခဲ့တဲ့အပတ်က Nokia 7 တရုတ်နိုင်ငံမှာ တရားဝင်ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့အထိ Nokia 7 ကိုဝယ်ယူဖို့အတွက် မှတ်ပုံတင်မှုဟာ မြင့်တက်လျက်ရှိနေပြီး မနက်ဖြန်ပထမဆုံးရောင်းရချိန်မှာတော့ အလုံးရေ ၁သိန်းကျော်လောက် ကုန်သွားနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပစမတ်ဖုန်းကုမ္မဏီအနေနဲ့ ပထမဆုံးရောင်းချမှုမှာ ဒီလောက်ပမာဏ ရရှိတယ်ဆိုတာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် ဒီကိန်းဂဏာန်းဟာ ပြည်တွင်းစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi ၊ OPPO တို့နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ပြောပလောက်တဲ့ ပမာဏလို့ မဆိုနိုင်ပါဘူး။

Nokia 7 ဟာ မျက်နှာပြင် ၅.၂ လက်မ 1080p LCD display သုံးထားပြီး RAM/storage ဗားရှင်းနှစ်မျိုး ပါရှိမှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာ ကတော့ Snapdragon 630 chipset ဖြစ်ပြီး အနိမ့်ဗားရှင်းအနေနဲ့  RAM 4GB/storage 64GB နဲ့ အမြင့်ဗားရှင်းမှာတော့ RAM 6GB/storage 128GB နဲ့ လာတာပါ။ နောက်ကျောဘက်မှာ မှန်ကိုယ်ထည်နဲ့ လာပြီး ကိုယ်ထည်ကိုတော့ 7000 series အလူမီနီယံဘောင်ကွပ်ထားတာပါ။ ရေစိုခြင်းနဲ့ ဖုန်ဒဏ်ကို IP54 rating အထိ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

OS စနစ်အနေနဲ့ Android 7.1.1 Nougat ပါရှိပြီး Oreo update တင်ပေးသွားဖို့ လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီစနစ်ပိုင်းမှာတော့ 18W အားသွင်းမြန်ဆန်တဲ့ စနစ်ပါတဲ့ 3000 mAh ဘက်ထရီ သုံးထားလို့ အားသွင်းရတာ မြန်ဆန်ပြီး ကြာရှည်အသုံးပြုနိုင်မှာပါ။ Nokia 7 ရဲ့ထူးခြားချက်အနေနဲ့ Nokia 8 မိတ်ဆက်တုန်းကလူစိတ်ဝင်စားမှု မြင့်မားခဲ့တဲ့ OZO Audio နည်းပညာပါ ပတ်ပတ်လည် ၃၆၀ ဒီဂရီ အသံစနစ်သုံးထားသလိုမျိုးကို သုံးနိုင်မှာ ဖြစ်ပါတယ်။ Bothie ကင်မရာစနစ်သုံးထားတာ ဖြစ်လို ကျောဘက် 16MP ကင်မရာနဲ့ ရှေ့ ဘက် 5MP ကင်မရာနှစ်ခုစလုံးကနေ တစ်ချိန်တည်း ရိုက်ကူးရေး လုပ်နိုင်တော့မှာပါ။

Nokia 7 ရဲ့ နောက်ထပ် ကင်မရာပိုင်း ဆန်းသစ်ချက်တစ်ခုကတော့ ဓါတ်ပုံရိုက်ပြီး ချက်ချင်း Live လွှင့်နိုင်တဲ့ Dual Sight Mode လည်း သုံးလာတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အရောင်အနေနဲ့ Gloss Black ရောင်နဲ့ Matte White ကာလာနှစ်မျိုးနဲ့ ထွက်လာတဲ့ Nokia 7 ကို အောက်တိုဘာလ ၂၄ ရက်နေ့  မနက်ဖြန်တရုတ်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 4GB RAM ဗားရှင်းကို 2,499 Yuan ($377) နဲ့ RAM 6GB မော်ဒယ်ကတော့ 2,699 Yuan ($407) နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref: playfuldroid.com

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category