131 Shares 37 Views

အလိုအလျှောက် မောင်းနှင် ၊ မြေသယ်ပေးတဲ့ ဘူဒိုဇာ

Oct 23, 2017
131 37

မောင်းသူမဲ့ ကားများ၊ ထရပ်ကားများ၊ မော်တော်ဘုတ်များ၊ ဘတ်စ်ကားများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ အခုတော့ အလိုအလျှောက် မောင်းနှင်ပြီး မြေသယ်ပေးတဲ့ ဘူဒိုဇာကို တီထွင်လိုက်ပါတယ်။ Built Robotics အမည်ရ ကုမ္ပဏီက အဲဒီ ဘူဒိုဇာကို တီထွင်ထားခြင်း ဖြစ်ပြီး ၁၃၀ ဒေါ်လာဘီလီယမ် တန်ကြေးရှိတဲ့ မြေသယ်စီးပွားရေးလုပ်ငန်းများမှာ သူ့ရဲ့ ကားကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

အော်ပရေတာများက တွင်းတူးရမယ့် အရွယ်အစားကို သတ်မှတ်ခြင်း ၊ မြေကြီးများကို ပုံရမယ့်နေရာကို သတ်မှတ်ခြင်းများကို ပြုလုပ်ထားနိုင်ပါတယ်။ Built Robotics ဟာ Startup တစ်ခုဖြစ်ပြီး သူ့မှာ ဒေါ်လာ ၁၅ သန်း ရင်းနှီးမြှပ်နှံထားပါတယ်။

အခြား မောင်းသူမဲ့ ကားများမှာလိုပဲ ဘူဒိုဇာမှာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်တဲ့ LIDAR နဲ့ GPS များ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဘူဒိုဇာမှာ မြေသယ်ဖို့အတွက် အထူး ဖန်တီးထားတဲ့ Sensors များ ထည့်သွင်းထားပါတယ်။

မောင်းသူမဲ့ ကားများဟာ စင်တီမီတာ အကွာအဝေးလောက်အထိ တိကျစွာ မောင်းနှင်လာနိုင်ပါပြီ။ စစ်တမ်းများအရ မောင်းသူမဲ့ ကားများဟာ လူသားများ မောင်းနှင်တာထက် ပိုမိုဘေးကင်းလုံခြုံတယ်လို့ သိရပါတယ်။ အမေရိကန်မှာတော့ မောင်းသူမဲ့ ကားများကို အများပြည်သူသုံးလမ်းမများမှာ ပြည်နယ်အချို့တွင် စမ်းသပ်ခွင့် ပြုထားပါတယ်။

မောင်းသူမဲ့ ကားများကို ဖန်တီးနေတဲ့အထဲမှာ ကားကုမ္ပဏီများအပြင် Google နဲ့ Apple တို့လို နည်းပညာ ကုမ္ပဏီများလည်း ပါဝင်ပါတယ်။ မကြာခင်ကလည်း တရုတ် ကုမ္ပဏီ Baidu က ၂၀၁၈ ခုနှစ်မှာ မောင်းသူမဲ့ ဘတ်စ်ကားများကို ပြေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။

ref : theverge

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category