360 Shares 133 Views

ဒေါ်လာ ၁၀၀ အောက်နဲ့ဝယ်ယူနိုင်မယ့် Nokia 2

Oct 23, 2017
360 133

HMD အနေနဲ့ Nokia 2 ကို တရားဝင် ကြေညာရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန်အွန်လိုင်းစတိုးက Nokia 2 ဈေးနှုန်းကို စတင်ဖော်ပြနေပြီဖြစ်ပါတယ်။ သက်သာတဲ့ဈေးနှုန်းဖြစ်တဲ့ ၉၉ ဒေါ်လာနဲ့ ၀ယ်ယူနိုင်ပါတယ်။ ဒီဈေးနှုန်းကြောင့်ပဲ Nokia 2 ဟာ HMD Global က ထုတ်လုပ်ရောင်းချတဲ့ Nokia ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံးဖုန်း ဖြစ်လာပါမယ်။

Nokia 2 ကို အဖြူရောင်၊ အနက်ရောင်တို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပြီး SlM ကက် နှစ်ကတ် အသုံးပြုနိုင်ပါမယ်။ Nokia 2 ဟာ FCC ရဲ့ ခွင့်ပြုချက်ရယူထားပြီးဖြစ်ကာ ဘက်ထရီ 4000 mAh ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဖုန်းကို Snapdragon 212 နှင့်အထိုင်ချလာပါမယ်။ ကျောဘက်ကင်မရာတစ်ခုသာ ပါဝင်မှာဖြစ်ပြီး LED Flash ပါဝင်ပါမယ်။ စပီကာကို ကျောဘက်မှာထည့်သွင်းထားပါတယ်။

မျက်နှာပြင် ၅ လက်မရှိပြီး 720 p ရုပ်ထွက်သုံးထားပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကထွက်ရှိထားတဲ့ Nokia 3 ကိုလည်း Entry-level အဆင့်ဖုန်းအဖြစ်သတ်မှတ်ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီး အလူမီနီယမ် ကိုယ်ထည်နဲ့အတူ နောက်ကျောဘက်မှာတော့ ပိုလီကာဗွန်နိတ်အသားကိုသုံးထားပါတယ်။

Nokia 3 မှာ ၅ လက်မ HD မျက်နှာပြင်တပ်ဆင်ထားပါတယ်။ ပုံရိပ်ဖော်ပြသည့်အပိုင်းမှာတော့ IPS display မှာ 1280 x 720pixels နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ကာကွယ်နိုင်မှုအတွက် Gorilla Glass နဲ့ဖြစ်ပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP Camera ပါရှိပါတယ်။ Nokia 2 ကိုအစောဆုံးရရှိနိုင်မယ့် နိုင်ငံကတော့ India ဖြစ်ပါလိမ့်မယ်။

Ref: digit.in

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category