329 Shares 130 Views

Essential Phone ကို ဒေါ်လာ ၂၀၀ ဈေးလျှော့ရောင်းချ

Oct 23, 2017
329 130

အမေရိကန်မှာ Essential PH-1 စမတ်ဖုန်းကို ဒေါ်လာ ၂၀၀ ဈေးလျှော့ရောင်းချပေးလိုက်ပါတယ်။ အဲဒီအတွက် ၄၉၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်။ အနက်နဲ့ အဖြူရောင်နှစ်မျိုးစလုံးအတွက် ဈေးလျှော့ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဒီလို ဈေးလျှော့ရောင်းချခြင်းဟာ ရောင်းအား မကောင်းခြင်း သို့မဟုတ် နောက်ထုတ်မယ့်ထုတ်ကုန်အတွက် ဖြစ်နိုင်ပါတယ်။ Essential ကတော့ Apple , Samsung တို့ အုပ်စိုးထားတဲ့ ဈေးကွက်ကို ပိုမို ထိုးဖောက်နိုင်ဖို့အတွက် ဒီလို ဈေးလျှော့ရောင်းချခြင်းဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ အမေရိကန်မှာသာ ဈေးလျှော့ရောင်းချပေးနေပေမယ့် နောက်ပိုင်းမှာ ကနေဒါမှာပါ ဈေးလျှော့ရောင်းချနိုင်ပါတယ်။

Essential Phone ကို Android ဖန်တီးသူ Andy Rubin က တီထွင်ထားခြင်း ဖြစ်ပြီး ၅.၇၁ လက်မ 2560x1312p Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပြီး တစ်လုံးမှာ Color နဲ့ နောက်တစ်လုံးမှာ Monochrome ဖြစ်ပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။

4GB RAM, 128GB Storage, 3040mAh Battery များပါပါတယ်။ Android Nougat ထည့်သွင်းထားပါတယ်။ Essential ဖုန်း ဟာ ကုမ္ပဏီ ရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်ပြီး ကင်မရာပိုင်း နဲ့ Features ပိုင်း ကို အဓိက ထားပြီး ပြင်ဆင်လာခဲ့ပါတယ်။

ref : gsmarena

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category