106 Shares 27 Views

Samsung Gear Sport က Smart Device များကို ထိန်းချုပ်နိုင်မည်

Oct 23, 2017
106 27

Samsung က ယခုနှစ် သြဂုတ်လမှာ Gear Sport စမတ်နာရီ အသစ်ကို မိတ်ဆက်ခဲ့ပြီး မကြာခင်ကမှ ကြိုတင်မှာယူခွင့်ပြုခဲ့ပါတယ်။ အဲဒီ စမတ်နာရီမှာ Tizen အခြေပြု Wearable Platform Version 3.0 ထည့်သွင်းထားပါတယ်။ အဲဒီ စမတ်နာရီဟာ သူ့ရဲ့ မျက်နှာပြင်ဘေးဘောင် အ၀ိုင်းကို လှည့်ပတ်ခြင်းဖြင့် စမတ် အဲကွန်း၊ စမတ် တီဗီ၊ စမတ် ရေခဲသေတ္တာ စတဲ့ စမတ် ကိရိယာများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Gear Sport မှာ Samsung ရဲ့ စမတ်နေအိမ်ကိရိယာများကို ထိန်းချုပ်နိုင်တဲ့ ပလက်ဖောင်းဖြစ်တဲ့ Samsung Connect ပါရှိပါတယ်။ Samsung Gear S3 စမတ်နာရီဟာလည်း Tizen 3.0 Update ကို ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ စမတ်နာရီမှာလည်း မျက်နှာပြင်ဘေးဘောင် အ၀ိုင်းကနေ စမတ် ကိရိယာများကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Gear S3 ဟာ Tizen 3.0 ကို ရရှိမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ Gear Sport ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Samsung Gear Sport မှာ ၁.၂ လက်မ Super AMOLED 360p Screen တပ်ဆင်ထားပါတယ်။ လက်ပတ်ကြိုး မပါရင် သူ့ရဲ့ အလေးချိန်မှာ ၅၀ ဂရမ် ဖြစ်ပါတယ်။ Dual-Core 1.0GHz Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 768MB RAM , 4GB Onboard Storage များ ပါပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာ ထည့်သွင်းထားပါတယ်။ GPS, WiFi, Bluetooth ဆက်သွယ်မှုများ ပါပါတယ်။ 300mAh Battery ထည့်သွင်းထားပြီး ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

Samsung Gear Sport ဟာ ရေကူးသမားများကို အဓိက ပစ်မှတ်ထားပါတယ်။ သူဟာ 5ATM စံနှုန်း ရေစိုခံနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ၀တ်ဆင်နိုင်ပါတယ်။ ပင်လယ်ရေ စိုခံခြင်း၊ ဖုန်နဲ့ သဲများ မ၀င်အောင် ကာကွယ်ပေးခြင်း စတဲ့ စံနှုန်းများလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုယ်ထည်ကို Stainless Steel ဖြင့် တည်ဆောက်ထားပြီး အရှေ့ဘက် မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

ref : gsmarena

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares188 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category