293 Shares 61 Views

Samsung Galaxy Note 8 ရောင်းအား တောင်ကိုရီးယားမှာ မြင့်တက်နေ

Oct 23, 2017
293 61

Samsung Galaxy Note 8 အတွက် ကြိုတင်အမှာစာများဟာ စံချိန်တင်ခဲ့သလို စတင်ရောင်းချပေးတဲ့ အခါမှာလည်း ရောင်းအား အလွန်ကောင်းနေပါတယ်။ စစ်တမ်းကောက်ယူမှုအရ Samsung Galaxy Note 8 ရဲ့ 64GB Version ဟာ တောင်ကိုရီးယားမှာ အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းဖြစ်ပြီး စမတ်ဖုန်း ဈေးကွက်ရဲ့ ၂၈.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီ စာရင်းမှာ 256GB Model ကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ ရာခိုင်နှုန်း ပိုမို များပြားလာမှာ ဖြစ်ပါတယ်။

ဒီသုတေသန စစ်တမ်းကို ATLAS Research & Consulting က ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ကြိုတင်မှာယူတဲ့ အလုံးရေ ၈၅၀ ၀၀၀ အပြင် Samsung ဟာ စက်တင်ဘာလရဲ့ လေးပတ်မြောက်မှာ Galaxy Note 8 အလုံးရေ ၂၀ ၀၀၀ ကနေ ၃၀ ၀၀၀ အထိ ထပ်မံရောင်းချခဲ့ရပါတယ်။

အောက်တိုဘာလမှာ တစ်နေ့လျှင် အလုံးရေ ၁၀ ၀၀၀ ကနေ ၂၀ ၀၀၀ အထိ ရောင်းချခဲ့ရပြီး Galaxy Note 8 ရဲ့ ရောင်းအားဟာ Galaxy S8 ရဲ့ ပထမနှစ်ဝက်ရောင်းအားနဲ့ တူညီတယ်လို့ စမတ်ဖုန်း ဈေးကွက်မှ ကျွမ်းကျင်သူများက ပြောပါတယ်။ ကျွမ်းကျင်သူများက Samsung ဟာ ၂၀၁၇ ခုနှစ်အကုန်မှာ Galaxy Note 8 အလုံးရေ ၁၀ သန်းအထိ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Galaxy Note 8 မှာ ၆.၃ လက်မ Infinity Display တပ်ဆင်ထားပါတယ်။ QHD+ Resolution ပါတဲ့ Super AMOLED အမျိုးအစား စကရင် ဖြစ်ပါတယ်။ Note 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံး တပ်ဆင်ထားပြီး ၂ လုံးစလုံးမှာ Optical Image Stabilization နည်းပညာပါပါတယ်။ ကင်မရာများမှာ Background Blur ကို ဓါတ်ပုံ မရိုက်ခင်မှာ ချိန်ညှိနိုင်တဲ့ Live Focus စွမ်းဆောင်ချက် ပါပါတယ်။ 6GB RAM ထည့်သွင်းထားပြီး နိုင်ငံအပေါ် မူတည်၍ Snapdragon 835 နဲ့ Exynos 8895 Chipset များ ထည့်သွင်းရောင်းချမှာ ဖြစ်ပါတယ်။

Android 7.1 Nougat မောင်းနှင်ပြီး Samsung ရဲ့ Bixby ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး ကြိုးမဲ့အားသွင်းစနစ်ပါပါတယ်။

ref : gsmarena

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category