156 Shares 40 Views

တရုတ်နိုင်ငံမှာ စက်ရုံတည်ဆောက်ဖို့ သဘောတူညီမှုရရှိသွားတဲ့ Tesla

Oct 23, 2017
156 40

လျှပ်စစ်ကားထုတ်လုပ်မှုပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ Tesla မော်တော်ကားကုမ္မဏီအနေနဲ့ တရုတ်နိုင်ငံမှာ စက်ရုံတည်ဆောက်နိုင်ဖို့အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ ဝေါစထရိဂျာနယ်ရဲ့ သတင်းကိုးကား ချက်များအရ မော်တော်ကားကုမ္မဏီ Tesla အနေနဲ့ ရှန်ဟိုင်းအစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုနဲ့ မြို့တော်ရဲ့ အခမဲ့ကုန် သွယ်ရေးဇုံမှာ ကုန်ထုတ်လုပ်မှုစက်ရုံကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဝေါစထရိကထုတ်ပြန်တဲ့ သတင်းအရပုံမှန်အားဖြင့်ဆိုရင် ပြည်တွင်းမှာရှိတဲ့ထုတ်လုပ်သူတစ်ဦးနဲ့မိတ်ဖက်ပြုလုပ် ပြီးမှ စက်ရုံတည်ဆောက်ခွင့်ရကြပေမယ့် Tesla အနေနဲ့ကတော့ဒီလိုပူးပေါင်းမှုတွေမပါဘဲ ကိုယ်ပိုင်စက်ရုံတည် ဆောက်သွားနိုင်တာဟာ ကောင်းမွန်တဲ့အခွင့်အလမ်းပဲလို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့တရားဝင်ထုတ်ပြန်ချက် မှာတော့ နိုင်ငံတွင်းမှာ လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုကို ပိုမိုအားပေးတဲ့အနေနဲ့ မူလကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုလျော့ပေါ့ခဲ့တာဖြစ်ပြီး အဲ့စည်းကမ်းတွေထဲကမှ ပြင်ပကရင်းနှီးမြုပ်နှံမှု လာရောက်လုပ်တဲ့ သူတွေအနေနဲ့ ပြည်တွင်းကုမ္မဏီနဲ့မိတ်ဖက်ပြုလုပ်ရမယ့် ဆိုတဲ့စည်းကမ်းကို လျော့ပေါ့ပေးခဲ့တာပါ။

ဒီအစီအစဉ်ဟာ နိုင်ငံခြားမော်တော်ကားထုတ်လုပ်သူတွေကို ပထမဆုံးပြုလုပ်ပေးခဲ့တာဖြစ်ပြီး Tesla အနေနဲ့ အခွန် 25% နှုန်းကင်းလွတ်ခွင့်ကိုတော့ ရရှိမှာမဟုတ်ပါဘူး။ ပြီးခဲ့ဂျွန်လမှာတုံးက Tesla အနေနဲ့ ရှန်ဟိုင်းမှာ မော်တော်ကားစက်ရုံတည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အတိပြုနိုင် ဖို့ကတော့ လိုအုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုအချိန်က ကုမ္မဏီရဲ့ပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ အမေရိကန်မှာ သူတို့ရဲ့ထုတ်ကုန်တွေ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ ဈေးကွက်ကိုပိုမိုချဲ့ထွင်နိုင်ဖို့အတွက် အခြားသောဒေသတွေမှာလည်း စက်ရုံတွေတည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မော်တော်ကားထုတ်လုပ်သူတွေအတွက်တော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ဖြစ်လို့နေပါ တယ်။ မကြာသေးမီကပဲ EVs တွေက တရုတ်နိုင်ငံဟာပိုမိုဖွံ့ဖြိုးတိုးတက်နိုင်တဲ့ ဈေးကွက်ဖြစ်လာနိုင်ကြောင်းကိုပြသခဲ့ပြီးပါပြီ။ စက်တင်ဘာလမှာကျင်းပခဲ့တဲ့ ဖိုရမ်တခုမှာ နိုင်ငံရဲ့စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နပညာဒုဝန်ကြီးဖြစ်တဲ့ Xin Guobin ကတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ကာဘွန်ထုတ်လွှတ်မှုတွေ လျောချဖို့ဆိုရင် လောင်စာယာဉ်အစားထိုး လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအချက်တွေကြောင့်လည်း Tesla ဟာတရုတ်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ဖို့ အခွင့်အလမ်းတွေရလာ တာလည်းဖြစ်နိုင်ပါတယ်။ Tesla ရဲ့ပြောကြားချက်မှတော့ ပိုမိုဆန်းသစ်တဲ့ အနာဂတ်တွေဖြစ်လာဖို့ ကျွန်တော်တို့ရောက်လာခဲ့ပါပြီလို့ဆိုပါတယ်။

Ref: theverge

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares50 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category