1033 Shares 238 Views

iPhone 9 မှာ iPhone X ရဲ့ Features အားလုံးပါပြီး ဈေးသက်သာမည်

Oct 22, 2017
1033 238

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပေမယ့် အလုံအလောက် ရောင်းချနိုင်ခြင်း မရှိဘဲ လာမယ့်နှစ်ကျမှသာ အလုံအလောက် ၀ယ်ယူနိုင်မယ်လို့ သတင်းများထွက်နေပါတယ်။ အဲဒီသတင်းများသာ မှန်ကန်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ iPhone X ကို မ၀ယ်ယူဘဲ လအနည်းငယ်လောက် စောင့်လိုက်ရင်တော့ iPhone X ရဲ့ Features အားလုံးပါတဲ့ iPhone 9 ကို သက်သာတဲ့ ဈေးနှုန်းဖြင့် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တရုတ်မှ ဖုန်းအစိတ်အပိုင်းများ ထုတ်လုပ်တဲ့ နယ်ပယ်အသိုင်းအ၀ိုင်းက “ Apple ဟာ စွမ်းဆောင်ရည်မြင့် ဖုန်းနဲ့ စွမ်းဆောင်ရည်နိမ့် ဖုန်း နှစ်မျိုးကို ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လျှို့ဝှက်အမည်များကတော့ Lisbon နဲ့ Hangzhou တို့ဖြစ်ပါတယ်။ အဲဒီ ဖုန်းနှစ်လုံးမှာ OLED Screen, Face ID Scanner တို့လို iPhone X ရဲ့ နည်းပညာများ ပါမှာပါ။ “ လို့ တရုတ် ၀က်ဆိုက် Economic Daily ကို ပြောပါတယ်။

iPhone 9 ဟာ iPhone X ထက် ဒေါ်လာ ၁၀၀ လောက် ဈေးသက်သာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Apple ဟာ တရုတ်မှာ ဈေးကွက်ဝေစုကို တိုးတက်အောင် ကြိုးစားနေပါတယ်။ လက်ရှိမှာ Apple ဟာ တရုတ်မှာ စမတ်ဖုန်းဈေးကွက်ရဲ့ ၁၇.၇ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပါတယ်။ Huawei ကတော့ တရုတ်မှာ ၃၁.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

ref : techradar

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category