145 Shares 16 Views

Google က ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေး

Oct 22, 2017
145 16

Google က အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံကနေ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပွာတိုရီကိုမှာ မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပါတယ်။ Google က ကျွန်းရဲ့ ဧရိယာအချို့ကို အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် AT&T နဲ့ ပူးပေါင်းလိုက်ပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပွာတိုရီကိုမှာ ဟာရီကန်း မာရီယာကြောင့် ပျက်ဆီးသွားတဲ့ ဆဲလ်တာဝါတိုင်များနေရာမှာ Google ရဲ့ မိုးပျံဘောလုံးများက အစားထိုး အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အင်တာနက် ပြတ်တောက်နေတဲ့ လူများဟာ မိုးပျံဘောလုံးများကြောင့် စာပို့ခြင်းလို အခြေခံ ဆက်သွယ်မှုများကို စမတ်ဖုန်းများကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ Project Loon ခေါင်းဆောင်ဖြစ်သူ Alastair Westgarth က “ ဒါဟာ ပွာတိုရီကိုမှာ ပထမဆုံးအကြိမ် Machine Learning ကို အသုံးပြု၍ မိုးပျံဘောလုံးများဖြင့် အင်တာနက်ထုတ်လွှင့်ပေးခြင်းဖြစ်ပါတယ်။ လိုအပ်သလောက် အချိန်ကြာမြင့်စွာ ၀န်ဆောင်မှုပေးဖို့ မျှော်လင့်ထားပါတယ်။ “ လို့ ပြောပါတယ်။

ပွာတိုရီကိုမှာ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားဟာ ၁၀ ရာခိုင်နှုန်းနဲ့ ဆဲလ်ဖုန်းတာဝါတိုင်များဟာ ၂၅ ရာခိုင်နှုန်းအောက်သာ ပြန်လည် အလုပ်လုပ်သေးတယ်လို့ ပွာတိုရီကို အစိုးရရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ Google ရဲ့ မိုးပျံဘောလုံးများဟာ အမြင့်ပေ ၆၅ ၀၀၀ ကနေ မြေပြင်မှ လူများအတွက် အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Google က ပွာတိုရီကိုမှ ပြည်သူ ၃.၅ သန်းအတွက် အင်တာနက် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

Google က ရေကြီးခဲ့တဲ့ ပီရူးမှာလည်း မိုးပျံဘောလုံးများဖြင့် 4G LTE ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ Google က ပီရူးမှာ မိုးပျံဘောလုံးများဖြင့် ပြည်သူများအတွက် 160GB Data ပံ့ပိုးပေးခဲ့ပြီး အဲဒီပမာဏဟာ အီးမေး အစောင် ၂ သန်းနဲ့ WhatsApp Messages ပေါင်း သန်း ၃၀ ပေးပို့နိုင်ပါတယ်။

ref : digitaltrends

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category