198 Shares 49 Views

V7+ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့၍ ထပ်မံတင်သွင်းနေရကြောင်းသိရ

Oct 22, 2017
198 49

V7+ demands are more than expected

အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချခဲ့သော V7+ သည် စမတ်ဖုန်း သုံးစွဲသူများအကြားတွင် အလွန်ရေပန်းစား လူကြိုက်များလျက်ရှိပြီး ကုမ္ပဏီမှ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့သောကြောင့် အချို့သော ဒေသများတွင် ရောင်းချရန်မကျန်တော့ဘဲ V7+ များ ထပ်မံရောက်ရှိလာမည့်အချိန်ကို စောင့်စားနေရကြောင်း သိရပါသည်။

V7+ သည် စတင်မိတ်ဆက်ချိန်ကတည်းက စမတ်ဖုန်းသုံးစွဲသူများကြားတွင် စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်ဟု ဆိုရပါမည်။ Pre-Order ကာလတွင်လည်း ကုမ္ပဏီမှ မျှော်မှန်းထားသော ပမာဏထက် ပိုမိုများပြားသည့် ကြိုတင်မှာယူမှုကို ရရှိခဲ့ပါသည်။

ယခုအခါတွင်လည်း စတင်ရောင်းချသည့်ရက်မှစ၍ သုံးပတ်အတွင်းရောင်းအားမှာ မူလမျှော်မှန်းထားသည်ထက် များစွာပိုမိုနေပြီး အချို့သော နယ်များတွင် V7+ ကို ရောင်းချရန်မကျန်တော့သဖြင့် ထပ်မံရောက်ရှိလာမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း အရောင်းဆိုင်အချို့၏ ပြောဆိုချက်များအရ သိရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ Vivo Mobile Myanmar Co., Ltd သို့ ဆက်သွယ်မေးမြန်ရာ V7+ အား မကြာမီရက်ပိုင်းအတွင်း ဈေးကွက်ထဲရှိအရောင်းဆိုင်တိုင်းတွင် ဆက်လက်ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

V7+ သည် 24MP အရှေ့ကင်မရာနှင့် FullViewTM Display တို့ကြောင့် နာမည်ကျော်ကြားနေခြင်းဖြစ်သည်။ 24MP အရှေ့ကင်မရာသည် လက်ရှိစမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ကို mega pixel အများဆုံးဖြင့် ဦးဆောင်နေခြင်း ဖြစ်သကဲ့သို့၊ FullViewTM Display မှာလည်း ကိုယ်ထည်ပေါ်မှ ဖန်သားပြင်အချိုး 84.4% ဖြင့် တခြားစမတ်ဖုန်းများထက် ကိုယ်ထည်ပေါ်မှ မျက်နှာပြင်ဧရိယာအချိုး ပိုမိုများပြားသော ရာခိုင်နှုန်းအဖြစ် ဦးဆောင်လျက် ရှိပါသည်။

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category