120Hz Display နဲ့ Aquos R Compact ကို Sharp ထုတ်ဖော်မိတ်ဆက်

Sharp အနေနဲ့ Aquos R ရဲ့သေးငယ်တဲ့မော်ဒယ်လို့ဆိုနိုင်တဲ့ Aquos R Compact ကိုထုတ်ဖော် မိတ်ဆက်လိုက်ပါတယ်။ ကုမ္မဏီကထွက်ရှိထားတဲ့ အခြားစမတ်ဖုန်းများနဲ့မတူညီပဲ Aquos R Compact ကိုကွဲပြားခြားနားတဲ့ ဒီဇိုင်းနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခင်စမတ်ဖုန်းများနဲ့ကွဲပြားခြားနားကာ Edge-to-edge Display ဒီဇိုင်းနဲ့ထုတ်ထားပါတယ်။ Aquos R Compact မှာ 4.9-inch လက်မနဲ့ဖြစ်ပြီး 2032×1080 resolution ပုံရိပ်ဖောြ်ပစွမ်းနဲ့ဖြစ်ပြီး IGZO LCD ကိုသုံးထားပါတယ်။ ညာဘက်ထိပ်အပေါ်အနားသတ်လေး တွေဟာ ကြည့်ကောင်းနေပြီး အရှေ့ဘက်ကင်မရာနားမှာ ထောင့်ကွေးလေးနဲ့ အထစ်လေးတွေရှိပါတယ်။ အခြားစမတ်ဖုန်းတွေထက် Display ဟာ ၂ ဆပိုမြန်တဲ့ 120Hz Refresh Rate နဲ့ဖြစ်ပါတယ်။

ဖုန်းမှာစွမ်းအားပိုင်းအတွက် Qualcomm Snapdragon 660 ပရိုဆက်ဆာကိုသုံးထားပြီး 3GB RAM နဲ့အတူ 32GB သိုလှောင်မှုရရှိနိုင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အဓိကင်မရာဟာ 16.4 Megapixel နဲ့ဖြစ်ပြီး ၊ပုံရိပ်တွေကို ပြတ်သားစွာရိုက်ကူးနိုင်ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာကိုတော့ 8 Megapixel တပ်ဆင်ပေး ထားပါတယ်။ ဆောဖ့်ဝဲပိုင်းအတွက်တော့ Android 8.0 Oreo မှာ EMOPA 7.0 UI နဲ့တွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

တရက်တာလုံးအတွက် သင့်လုပ်ငန်းတွေကိုအချိန်ကြာမြင့်စွာ သုံးနိုင်ဖို့ ဘက်ထရီကတော့ 2500mAh စွမ်းအားကိုတပ်ဆင်ပေးထားပြီး အားပြန်လည်ဖြည့်သွင်းနိုင်ဖို့အတွက် Quick Charge 3.0 ထောက်ပံ့ပေးပါတယ်။ Aquos R Compact ကိုဒီဇင်ဘာလလောက်မှာတော့ ဂျပန် Softbank ကနေဝယ်ယူနိုင်ပါလိမ့်မယ်။ ဂျပန်နည်းပညာကုမ္မဏီရဲ့စမတ်ဖုန်းသစ်ဟာ ဂျပန်အခြေစိုက် Display ထုတ်လုပ် သူအတွက်တော့ Bezel-less စမတ်ဖုန်းနည်းပညာလောကမှာတော့ ဦးဆောင်မှုတခုလို့ဆိုနိုင်ပါတယ်။ သူတို့ရဲ့ ပထမဆုံး Tri-bezel less စမတ်ဖုန်းကတော့ Sharp Aquos Crystal ဖြစ်ပြီး 2014 မှာမိတ်ဆက်ပေးခဲ့တာပါ။ Mi MIX နဲ့ Essential Phone တို့ထက်တောင်စောတယ်လို့ ဆိုနိုင်ပါတယ်။

Ref : techpp

%d bloggers like this: