45 Shares 39 Views

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ

Oct 21, 2017
45 39

Apple Fans များဟာ iPhone 8 အစား iPhone X ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ရောင်းချတဲ့အချိန်မှာလည်း Apple Store များမှာ ကြိတ်ကြိတ်တိုး ၀ယ်ယူမှု နည်းပါးခဲ့ပါတယ်။ မကြာခင်ကလည်း iPhone 8 အစား စွမ်းရည်ချင်း သိပ်မကွာဘဲ ဈေးနှုန်း ပိုမို သက်သာတဲ့ iPhone 7 စမတ်ဖုန်းများကို ပိုမို ၀ယ်ယူနေကြတယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ အဲဒီ သတင်းများကို အတည်ပြုပေးတဲ့ သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Apple ဟာ iPhone 8 ရဲ့ အစိတ်အပိုင်းများ ထောက်ပံ့သူများအား လာမယ့်နှစ်လအတွင်းမှာ ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချဖို့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီသတင်းဟာ ထိုင်ဝမ်ကနေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ကနေဒါ Carrier တစ်ခုဖြစ်တဲ့ Rogers ကလည်း iPhone 8 ရောင်းအားဟာ အလွန်နည်းပါးတယ်လို့ ပြောပါတယ်။ Verizon ရဲ့ Chief Financial Officer ဖြစ်သူကလည်း iPhone 8 ဟာ ရောင်းအား မကောင်းနိုင်ဘူးလို့ မျှော်လင့်ကြောင်း ပြောပါတယ်။ Apple ရဲ့ ယခုနှစ် တတိယကွာတားရောင်းအားဟာ ယခင်နှစ်ကထက် နည်းပါးခဲ့ပါတယ်။ ဒါဟာ iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အရည်အသွေး မကောင်းမှုကြောင့် မဟုတ်ဘဲ အဓိက အချက်မှာ iPhone X ကို ပိုမို စိတ်ဝင်စားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Consumer Reports က စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ရာမှာ iPhone 8 နဲ့ iPhone 8 Plus တို့ကို Samsung Galaxy S8 စမတ်ဖုန်းများရဲ့ နောက် နံပါတ် ၄ နဲ့ ၅ နေရာမှာ သတ်မှတ်ခဲ့ပါတယ်။

ref : gsmarena

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category