425 Shares 76 Views

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်

Oct 21, 2017
425 76

Huawei ရဲ့ Consumer Business Group မှ စီအီးအို ဖြစ်သူ Richard Yu က Mate 10 စမတ်ဖုန်းများ မိတ်ဆက်ပွဲမှာ CNET နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့ကို ပြောကြားခဲ့ပါတယ်။

အဲဒါကတော့ Samsung နဲ့ LG တို့ကသာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ဖန်တီးနေခြင်း မဟုတ်ဘဲ Huawei ကလည်း လာမယ့်နှစ်မှာ အဲဒီလို စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Huawei က ဒီနှစ်ထဲမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Samsung ကလည်း ကာလရှည်ကြာကတည်းက သတင်းထွက်နေတဲ့ Galaxy X ခေါက်ချိုးစမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Huawei က ခေါက်ချိုးနိုင်တဲ့ စကရင် နည်းပညာကို ဖန်တီးနေပါတယ်။ မကြာခင်က ZTE က မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုနိုင်တဲ့ Axon M စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ Yu က အဲဒီလို မျက်နှာပြင်နှစ်ခုကို ဆက်ထားတဲ့ စမတ်ဖုန်း မဟုတ်ဘဲ တကယ့်ကို ခေါက်ချိုးနိုင်တဲ့ စကရင် ပါတဲ့ စမတ်ဖုန်းကို ဖန်တီးဖို့ အလိုရှိတယ်လို့ ပြောပါတယ်။

Yu က အနာဂတ်မှာ Samsung နဲ့ Apple တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ် တစ် စမတ်ဖုန်း ထုတ်လုပ်သူဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ Huawei ဟာ စစ်တမ်းများအရ လက်ရှိမှာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ စာရင်းမှာ တတိယနေရာကို သိမ်းပိုက်ထားပါတယ်။

ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category