24 Shares 32 Views

Apple iPhone 8 ရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်စေမယ့် နည်းလမ်းများ

Oct 21, 2017
24 32

iPhone 8 ရဲ့ဘက်ထရီစွမ်းအားဟာ 1821 mAh နဲ့ဖြစ်တာကြောင့် လက်ရှိစမတ်ဖုန်းတွေနဲ့ယှဉ်လိုက်ရင် နည်းပါးတဲ့ဘက်ထရီစွမ်းရည်လို့သတ်မှတ်နိုင်ပါတယ်။ သို့ပေမယ့်လေ့လာတွေ့ရှိချက်တွေအရ iPhone 8 ရဲ့ ဘက်ထရီသက်တမ်းကုန်ခန်းမှုကို အလေ့အလွင့်မရှိအောင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေရှိနေပါတယ်။ Apple ရဲ့ A11 Bionic Chip ထည့်သွင်းထားမှုဟာ ပြည့်စုံကောင်းမွန်ပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို မြန်ဆန်သွက်လက်စွာပြုလုပ်နိုင်ပါလိမ့်မယ်။ နောက်ဆုံးပေါ် iOS ရဲ့ပေါင်းစပ်ထိန်းချုပ်ပေးမှုကြောင့် သင့်ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ ၈နာရီထိ ကြာရှည်ခံနိုင်မှာပါ။ iPhone အသစ်ဟာ Fast Charging စနစ်ကိုထောက်ပံ့ တယ်ဆိုပေမယ့် သင့်အိတ်ထဲမှာ အားသွင်းကိရိယာကိုဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်အားသွင်း တဲ့နေရာကို မရောက်ခင်စပ်ကြားမှာ သင့်ဖုန်းရဲ့ဘက်ထရီစွမ်းအားကိုချွေတာနိုင်ဖို့ အသုံးဝင်နိုင်မယ့် လုပ်ဆောင်ချက်တွေကို အကြံပြုဖော်ပြပေးလိုက်ပါတယ် . . . .

ဖုန်းမှာပါဝင်တဲ့ Saving Mode ကနေထိန်းချုပ်ခြင်း

ယခင် iPhone တွေမှာလိုပဲ iPhone 8 မှာလည်းဘက်ထရီသက်တမ်းကို ဆွဲဆန့်ထားနိုင်မယ့် Battery Saving Mode လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ သင့်ရဲ့ဖုန်းကို မအားလပ်လို့ ဘက်ထရီပြန်လည်မသွင်းနိုင်သေးတဲ့အ ချိန်မှာ ဒီလုပ်ဆောင်ချက်ရဲ့ ကောင်းကွက်တွေကိုသိလာမှာပါ။ ဒါ့အပြင်ဘက်ထရီသက်တမ်းလည်း ပုံမှန်ထက် တာရှည်ခံလာပါလိမ့်မယ်။ iPhone 8 မှာ Low Power Mode ကိုအောက်မှာပေးထားတဲ့အတိုင်း စမ်းကြည့်ပါ။
ပထမဦးဆုံး Settings သို့ဝင်ရောက်လိုက်ပါ။ Battery ကိုဖိနှိပ်ပြီးဝင်ရောက်လိုက်ပါ၊ နောက်တဆင့်မှာတော့ Low Power Mode လုပ်ဆောင်ချက်ကို enable ပြုလုပ်ပေးပါ။

နောက်ထပ်နည်းလမ်းတခုကတော့ Control Center ကနေဝင်ရောက်ပြီးတော့ Low Power Mode ကိုဖွင့်ရမှာပါ။ iOS 11 ရဲ့Control Center ဝင်ရောက်တဲ့နည်းပဲဖြစ်ပါတယ်။ Settings သို့သွားပါ၊ Control Center ကိုဖိလိုက်ပါ၊ နောက်တဆင့်မှာ Customize Controls ကိုထပ်ဝင်ပါ၊ Control Center ထဲကို Low Power Mode Icon ထည့်သွင်းလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာတင် Toggle ကိုသုံးပြီးတော့ Low Power Mode ကိုအဖွင့်အပိတ်လုပ်နိုင်ပါလိမ့်မယ်။

iPhone 8 ရဲ့ Settings များအား Optimize ပြုလုပ်ခြင်း

ဘက်ထရီသက်တမ်းကိုထိန်းသိမ်းဖို့အတွက်နောက်ထပ်နည်းလမ်းကတော့ Display Settings ကိုချိန်ညှိတာနဲ့ Cellular Data ကွန်ရက်အစား Wi-Fi ကိုအသုံးပြုတာပါ။

Screen Brightness ကိုလျော့ချခြင်း

iPhone 8 ရဲ့မျက်နှာပြင်တောက်ပမှုကိုလျှော့ချရန်ဖို့အတွက် မျက်နှာပြင်၏အောက်ခြေကနေပွတ်ဆွဲပါ။ Control Center ကိုဖွင့်လာပါလိမ့်မယ်။ ထိန်းချုပ်ရေးစင်တာမှအပေါ်ကနေသင် အလိုရှိသောအဆင့်အထိရရှိရန်သည်အထိ Brightness Slider ကိုဆွဲယူလိုက်ပါ။

Auto-Brightness ကို Enable ပြလုပ်ခြင်း

iPhone 8 ရဲ့ Auto-brightness ကို Enable ပြုလုပ်ဖို့အတွက် Settings-> Display & Brightness ထဲကိုဝင်ပြီးနောက် Auto-Brightness ကို ON ပြုလုပ်ပေးလိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့်စမတ်ဖုန်းရဲ့ အလင်းရောင်အခြေအနေကို ပတ်ဝန်းကျင်အလင်းရောင်ရရှိမှုပေါ်မူတည်ပြီးတော့ အလိုအလျောက်ပြင်ဆင်ပေးပါလိမ့်မယ်။

Cellular Data အစား Wi-Fi ကွန်ရက်ကိုသုံးခြင်း

သင့်ဖုန်းမှာအင်တာနက်သုံးဖို့အတွက် Wi-fi ကွန်ရက်ချိတ်ဆက်သုံးတာဟာ ဆယ်လူလာကွန်ရက်ထက် ဘက်ထရီပါဝါစားသုံးမှုကို လျော့နည်းစေပါတယ်။ iPhone 8 မှာ Wi-Fi ကို Enable ပြုလုပ်ဖို့အတွက် Settings-> Wi-Fi- ထဲကိုဝင်ရောက်လိုက်ပါ။ ပြီးတာနဲ့ Wi-Fi ကို Enable ပြုလုပ်ပြီး အခမဲ့ရနိုင်မယ့် Wi-Fi ကွန်ရက်တွေမှာ ချိတ်ဆက်သုံးနိုင်ပါပြီ။

Connectivity လုပ်ဆောင်ချက်များအား Disable ပြုလုပ်ခြင်း

Wi-Fi ၊ Cellular Data ၊Bluetooth ၊Mobile Hotspot နဲ့ GPS ကွန်ရက်လုပ်ဆောင်ချက်တွေဟာ သင့်ဖုန်းရဲ့ဘက်ထရီစွမ်းအားကို ကုန်ခန်းစေပါတယ်။ ဒါကြောင့် လိုအပ်တဲ့ကွန်ရက်ချိတ်မှုတွေကိုသာ enabled ပြုလုပ်ပြီး၊ မလိုအပ်တဲ့ချိတ်ဆက်မှုတွေကို ပိတ်ထားလိုက်ပါ။

Disable Wi-Fi:
Settings ထဲက Wi-Fi ကိုဝင်ရောက်ပြီး Wi-Fi off လုပ်ထားလိုက်ပါ

Disable Bluetooth:
Settings ထဲက Bluetooth ကိုဝင်ရောက်ပြီးနောက် Bluetooth off လုပ်ထားလိုက်ပါ

Disable GPS:
Settings ထဲက Privacy (GPS) ကိုဝင်ရောက်ပြီးနောက် off ပြုလုပ်နိုင်မှာပါ။ အခြားလုပ်ဆောင်ချက်တွေကိုလည်း ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။

Background App Refresh လုပ်ခြင်း

iOS မှာ Apps များကို နောက်ကွယ်မှာ Refresh ပြုလုပ်ခြင်းဖြင့် ဒေတာအသစ်များကို ဒေါင်းလုပ်လုပ်ကြပါတယ်။ ဒီစနစ်ဟာ ကောင်းမွန်ပေမယ့် ဘက်ထရီ ကုန်စေပါတယ်။ Settings ရဲ့အပေါ်ဆုံးက General ထဲကိုဝင်လိုက်ပါ၊ Background App Refresh ကိုဖိပြီးဝင်လိုက်ပါ။ Option ကို Switch ပြုလုပ်ပြီး Off လိုက်ပါ။

Ref: ikream.com

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
112 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category