370 Shares 123 Views

Laptop ကို အားသွင်းပေးမယ့် Power Bank

Oct 20, 2017
370 123

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂ ပေါင်သာ အလေးချိန်ရှိတဲ့အတွက် သယ်ဆောင်ရ လွယ်ကူပါတယ်။ 23000mAh ပါတဲ့ Lithium-Ion Battery ဖြစ်ပါတယ်။

သူက လက်တော့တစ်လုံးကို နှစ်ကြိမ်နဲ့ ဖုန်းတစ်လုံးကို ၁၀ ကြိမ် အားအပြည့်သွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဒရုန်းနဲ့ DSLR Battery များကိုပါ သူက အားသွင်းပေးနိုင်ပါတယ်။ သူ့ကို ၁၉၉ ဒေါ်လာဖြင့် ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလမှ ၀ယ်ယူရင် ၂၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

သူဟာ ရေသန့်ဘူးတစ်ဘူး အရွယ်သာ ရှိပြီး USB Type-C Port တစ်ခု၊ သာမာန် USB Port နှစ်ခု တပ်ဆင်ထားပါတယ်။ သူ့ကို နံရံကပ် ပလက်ပေါက်များကနေ အားသွင်းနိုင်ပါတယ်။ သူ့ကို အားအပြည့်ဖြည့်ဖို့ ၂ နာရီသာ လိုအပ်ပါတယ်။

သူဟာ IP67 စံနှုန်းရှိပြီး ရေစိုခံပါတယ်။ ဖုန်များ မ၀င်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သူဟာ အကြမ်းခံပြီး ကွန်ကရစ်အပေါ်ကို ပြုတ်ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်တယ်လို့ တီထွင်တဲ့ Romeo Power က ပြောပါတယ်။ သူ့မှာ Bluetooth ဆက်သွယ်မှုပါပြီး ဘက်ထရီ အားအခြေအနေကို Smartphone App မှာ ပြသပေးနိုင်ပါတယ်။ သူ့ကို အားအပြည့်သွင်းပြီးရင်လည်း ဖုန်းထံ Notifications ပေးပို့ပေးမှာ ဖြစ်ပါတယ်။

ref : theverge

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category