470 Shares 69 Views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Oct 20, 2017
470 69

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone X မော်ဒယ်များကို ဖင်လန် ကုမ္ပဏီ Legend က စိန်နဲ့ ရွှေများဖြင့် ဖန်တီးထားပါတယ်။ 256GB iPhone X ကို ကုမ္ပဏီက မွမ်းမံထားခြင်း ဖြစ်ပါတယ်။

Legend ရဲ့ တန်ဖိုးအကြီးဆုံး iPhone X Model မှာ Momentum ဖြစ်ပြီး ၀.၃ ကာရက် အနီရောင် စိန်ကို အနောက်ဘက်မှာ အလှဆင်ထားသလို ဖန်စီကျလှပတဲ့ ဒြပ်ထုများစွာဖြင့် ပုံဖော်ထားပါတယ်။ ၄၄၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်လူမျိုးများအတွက် ထုတ်လုပ်ထားတဲ့ Lu Model မှာ Apple Logo နဲ့ မျက်နှာပြင်ဘေးဘောင်များကို ၁၀.၇၀ ကာရက် စိန်များဖြင့် အလှဆင်ထားပါတယ်။ အနောက်ဘက်မှာ ရွှေဖြင့် ပြုလုပ်ထားတဲ့ နဂါးရုပ်တစ်ခု ပါပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ၄၂၅၃ ဒေါ်လာ ဖြစ်ပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ Aurum ဖြစ်ပြီး အဲဒီမော်ဒယ်မှာ ၂၄ ကာရက်ရွှေသားဖြင့် ဖန်တီးထားတဲ့ အနောက်ကာဗာ၊ ပုလဲဖြင့် ဖန်တီးထားတဲ့ လိုဂိုနဲ့ ၁၈ ကာရက်ရွှေဖြင့် ဖန်တီးထားတဲ့ ဘေးဘောင်များ ပါပါတယ်။ ၃၄၉၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Legend က တန်ဖိုးကြီး iPhone X ဘူးခွံကို မော်ဒယ်အားလုံးအတွက် ဖန်တီးထားပြီး ၂၄ ကာရက်ရွှေဖြင့် ဖန်တီးထားတဲ့ နားကြပ်၊ သားရေဖြင့် ပြုလုပ်ထားတဲ့ ဖုန်းထည့်တဲ့ အိတ်များလည်း ထည့်သွင်းပေးထားပါတယ်။

ref : businessinsider

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category