266 Shares 56 Views

ဈေးကွက်သစ် ၆ ခုကိုထပ်မံတိုးချဲ့မယ်လို့ ကြေငြာလိုက်တဲ့ Vivo

Oct 20, 2017
266 56

တရုတ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Vivo အနေနဲ့ မကြာတော့တဲ့အချိန်မှာ သူတို့အနေနဲ့ အာရှရဲ့မိုဘိုင်းဈေးကွက် ၆ ခုကိုထပ်မံတိုးချဲ့ဖြန့်ချိသွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ Vivo ဟာလက်ရှိအချိန်မှာ Gartner ကထုတ်ပြန်တဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းရောင်းချသူတွေထဲမှာ နံပါတ် ၅ အဆင့်ကိုရောက်ရှိနေပြီး လာမယ့် နှစ်မှာကျင်းပမယ့် FIFA World Cup ပြိုင်ပွဲကိုလည်း တရားဝင် ပံ့ပိုးကူညီ သူအဖြစ် တာဝန်ယူထားပါတယ်။

ဒီနေ့မှာတော့ သူတို့ရဲ့တဖြည်းဖြည်းတိုးတက်လာတဲ့ မိုဘိုင်းဖုန်းရောင်းချနိုင်မှု ဈေးကွက်ကိုထပ်မံတိုးချဲ့နိုင်ဖို့ အတွက်လာမယ့် လအနည်းငယ်အတွင်းမှာ ဈေးကွက်အသစ် ၆ ခုကို ထပ်မံတိုးချဲ့သွားမယ်လို့ ကြေညာခဲ့ပါ တယ်။ ကုမ္ပဏီအနေနဲ့ ထိုင်ဝမ်၊ စင်္ကာပူနဲ့ ဟောင်ကောင်မိုဘိုင်းဈေးကွက်တွေမှာ အကြာတော့မယ့်အချိန်မှာ တိုးချဲ့ပေါ်ပေါက်လာတော့မှာပါ။ ဥရောပဈေးကွက်အတွက် သူတို့ရဲ့ပွဲဦးထွက် အရောင်းဈေးကွက် စတင်ခြင်း ကိုတော့ ရှရှားမှာတရားဝင်မိတ်ဆက်ရောင်းချပြီး စတင်မှာပါ။

Vivo အနေနဲ့အာဖရိကဈေးကွက်ဖြစ်တဲ့ မော်ရိုကိုနဲ့ ကင်ညာနိုင်ငံတို့မှာပါ ဈေးကွက်မြင့်တင်ဖို့အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ အသစ်ထပ်မံချိတ်ဆက်မယ့် နိုင်ငံများကတော့ အိန္ဒိယ၊ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနှင့်ဘင်္ဂလားဒေ့ နိုင်ငံတို့ဖြစ်ပါတယ်။

သူတို့အနေနဲ့ သွက်လက်တဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ ကင်မရာနဲ့ အသံအရည်အသွေးပိုင်းကောင်း မွန်တဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်လျက်ရှိပါတယ်။ သူတို့နောက်ဆုံးမိတ်ဆက်ထားတဲ့ စမတ်ဖုန်းကတော့ Vivo V7+ ဖြစ်ပြီး ၎င်းမှာ 24MP အရှေ့ဘက်ကင်မရာ တပ်ဆင်ပေးထားပါတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ Moonlight Glow၊ မျက်နှာကိုစိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ Face Beauty 7.0 နဲ့ အတူ Portrait Mode လုပ်ဆောင်ချက်တွေထည့်သွင်းပေးထားပါတယ်။

Ref: gsmarena

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category