134 Shares 10 Views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Oct 20, 2017
134 10

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case များကိုလည်း ဖန်တီးပေးထားကြပါတယ်။ နေရောင်ခြည် စွမ်းအင်သုံး စမတ်ဖုန်းများကတော့ တီထွင်နေကြဆဲ ဖြစ်ပြီး အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

အခုတော့ နောက်ထပ် ရွေးချယ်စရာတစ်ခု ပေါ်လာပါပြီ။ အဲဒါကတော့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ဂျက်ကတ်ဖြစ်ပါတယ်။ Greenhouse Jacket လို့ အမည်ပေးထားပြီး သူက ဖုန်းကို အားသွင်းပေးနိုင်သလို အေးမြတဲ့ နေရာဒေသများမှာ နေထိုင်သူများအတွက် ကိုယ်ခန္တာကို အနွေးဓါတ်ပေးနိုင်ပါတယ်။ ဒီလို ကိုယ်ခန္တာကို အနွေးဓါတ်ပေးတဲ့ နည်းပညာမျိုးပါတဲ့ Embr Wave ဂျက်ကတ်မျိုးလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။

Greenhouse Jacket မှာ လက်ကောက်ဝတ်မှ ခလုတ်ကို နှိပ်လိုက်တာနဲ့ အနွေးဓါတ်ကို ထုတ်လုပ်ပေးပါတယ်။ ဂျက်ကတ်မှာ အပူချိန် သုံးခု ပါပြီး အမြင့်ဆုံးအနေဖြင့် ၁၃၅ ဒီဂရီ ဖာရင်ဟိုက်အထိ ဖန်တီးပေးနိုင်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၀က်ဆိုက်မှာ ရန်ပုံငွေ ၉၅ ဒေါ်လာ ထည့်သွင်းထားရင် ရောင်းချချိန်မှာ ဂျက်ကတ်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။

ဂျက်ကတ်ရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ အပူပေးတဲ့ Panels များကို တပ်ဆင်ပေးထားပြီး ၁၄ နာရီအထိ အပူပေးနိုင်ပါတယ်။ ဂျက်ကတ်ဟာ ရေစိုခံပြီး အားကစားသမားများအတွက် သင့်တော်ပါတယ်။ ဂျက်ကတ်မှာ တပ်ဆင်ထားတဲ့ ဘက်ထရီကနေ သင့်ရဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။

ref : mashable

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category