168 Shares 35 Views

CNN က Drones များဖြင့် သတင်း ရယူမည်

Oct 20, 2017
168 35

CNN က Drones များဖြင့် သတင်း ဗီဒီယိုများကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ CNN က လူများပိတ်ဆို့နေတဲ့ အခြေအနေများမှာ ဒရုန်းများဖြင့် ကောင်းကင်ယံကနေ သတင်း ဗီဒီယိုများ ရိုက်ကူးဖို့အတွက် အမေရိကန် လေကြောင်း ညွှန်ကြားမှုဦးစီးဌာန (FAA) ထံကနေ ခွင့်ပြုချက် ရရှိခဲ့ပြီလို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

CNN က ၁.၃၇ ပေါင် အလေးချိန်ရှိတဲ့ Vantage Robotics Snap Drone ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းများဖြင့် လူကြပ်တဲ့ နေရာများမှာ သတင်း ရယူမှာ ဖြစ်ပါတယ်။ အဆောက် အဦး ပြင်ပမှာ ကျင်းပတဲ့ ပွဲအခမ်းအနားများမှာလည်း ဒရုန်းများဖြင် သတင်း ရယူမှာ ဖြစ်ပါတယ်။ သတင်းဌာနတစ်ခုအနေနဲ့ ဒရုန်းဖြင့် သတင်း ရယူနိုင်တဲ့ ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

CNN က သတင်း ရိုက်ကူးတဲ့ ဒရုန်းကို တီထွင်ဖို့အတွက် စက်ရုပ် ကုမ္ပဏီနဲ့ ၂ နှစ်ကျော်ကြာ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန် လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက ကြိုးဖြင့် ချိတ်ဆက်ထားတဲ့ ဒရုန်းကို သတင်း ရိုက်ကူးဖို့အတွက် CNN အားခွင့်ပြုပေးခဲ့ပါတယ်။

အနာဂတ်မှာ သတင်းဌာနများစွာအတွက် ဒရုန်းဖြင့် သတင်း ရယူခြင်းကို ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဒရုန်းများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ Google နဲ့  Amazon တို့က ဒရုန်းများဖြင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ Google က မကြာခင်က သြစတြေးလျမှာ ဒရုန်းများဖြင့် အစားအစာနဲ့ ဆေးဝါးများ ပို့ဆောင်ပေးမှုကို စတင် စမ်းသပ်ခဲ့ပါတယ်။

ref : mashable , usa today

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category