457 Shares 146 Views

6GB RAM အပြင် မတူညီတဲ့ ဗားရှင်း ၃ မျိုးနဲ့ထွက်လာမယ့် OPPO F5

Oct 19, 2017
457 146

ပြီးခဲ့တဲ့အပတ် OPPO F5 မိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ မျိုးဆက်သစ် Selfie Expert ဖြစ်တဲ့ OPPO F5 စမတ်ဖုန်းရဲ့မူကွဲတွေနဲ့ အချက်အလက်တွေကိုပါသိရှိခဲ့ရပါ တယ်။ ထိုင်းနိုင်ငံမိုဘိုင်းဈေးကွက်နေ တက်လာတဲ့ဓာတ်ပုံအရ OPPO F5 ဟာတမျိုးထက်ပိုတဲ့ မူကွဲဗားရှင်းတွေ နဲ့ထွက်လာမှာပါ။ OPPO ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းမှာ OPPO F5 6GB RAM ဗားရှင်းနဲ့အတူ Oppo F5 Youth ဆိုတဲ့ဈေးသက်သာတဲ့ အမျိုးအစားကိုပါရရှိနိုင်မှာဖြစ်ပါတယ်။

OPPO F5 မူလဖုန်းဟာ 4GB RAM နဲ့အတူ 20MP Selfie ကင်မရာနဲ့ဖြစ်ပြီး၊ကင်မရာမှာတော့ အရှေ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် “AI Beauty” ဆိုတဲ့လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါ တယ်။ OS ပိုင်းမှာတော့အနည်းငယ် နိမ့်နေပြီလို့သတ်မှတ်နိုင်တဲ့ Android Marshmallow 6.0 ကိုသုံးနိုင်မှာဖြစ် ပါတယ်။ မျက်နှာပြင်ပိုင်းမှာ အခုနောက်ဆုံးပေါ်ဖုန်းတွေမှာ သုံးနေတဲ့ 18:9 FullView display ဖြစ်ပြီး 2160 x 1080 resolution ပုံရိပ်ဖော်ပြနိုင်စွမ်းရှိမှာပါ။

Oppo F5 6 GB မှာတော့ 6 GB RAM သာဖြစ်သွားမှာဖြစ်ပြီး အခြားအချက်လက်တွေကတော့ OPPO F5 မူလဖုန်းနဲ့ဆင်တူမှာဖြစ်ပါတယ်။ Oppo F5 Youth မှာတော့ Oppo F5 ထက်အနည်းငယ်အဆင့်နိမ့်တဲ့ အချက်အလက်တွေပါဝင်မှာဖြစ်ပြီး Selfie ကင်မရာကိုလည်း 16MP Sensor ကိုသာသုံးထားပါမှာဖြစ်ပါတယ်။ သို့ပေမယ့်အခြားသောလုပ်ဆောင်ချက်တွေဖြစ်တဲ့ Facial Unlock စနစ်တဲ့ အလိုအလျောက်ပြင်ဆင်နိုင်တဲ့ Beauty Filters တွေကိုတော့သုံးနိုင်ပါလိမ့်မယ်။ ကြော်ငြာထားတဲ့ပိုစတာမှာ ထပ်မံပြသချက်တွေကတော့ ကြိုတင်မှုယူသူတွေကို အထူးအခွင့်အရေးအနေနဲ့ OPPO အိတ်နဲ့အတူ ထူးခြားတဲ့လက်ဆောင်အိတ်ကိုပေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ F5 ဟာ Oppo ရဲ့ပထမဦးဆုံး 18: 9 အချိုးနဲ့ထွက်လာမယ့်စမတ်ဖုန်းလည်းဖြစ်ပါ တယ်။

Ref: GsmArena

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category